လမ်းသစ်နှင့် အခြားဝတ္ထုတိုများ - ဇော်ဂျီ

 



ဇော်ဂျီ မြန်မာပြန်

 

လမ်းသစ်နှင့် အခြားဝတ္ထုတိုများ

[ကမ္ဘာကျော် နိုဗဲဆုရ စာရေးဆရာများနှင့် သူတို့၏ ဝတ္ထုများ]

 

ရာပြည့်စာအုပ် ၆၉

 

 

ရာပြည့်စာအုပ်တိုက်

အမှတ် ၃၈၊ ၁၀၉ လမ်း၊ မင်္ဂလာတောင်ညွန့်၊ ရန်ကုန်မြို့။ ဖုန်း- ၀၁၊ ၂၉၆၆၇၁

[၁၊ ဇွန်၊ ၁၉၉၈]

 

ပုံနှိပ်မှတ်တမ်း

 

စာမူခွင့်ပြုချက်အမှတ် [၄၃၇/၉၇ (၇)]

မျက်နှာဖုံး ခွင့်ပြုချက်အမှတ် [၁၁၁/၉၈ (၄)]

စီစဉ်ထုတ်လုပ်မှု

ရာပြည့် ဦးစိုးညွန့်

ပုံနှိပ်ခြင်း

ပထမ အကြိမ် -(၁၉၆၆) ပုဂံ စာအုပ်တိုက်

ဒုတိယအကြိမ် -[မိုးကြယ်မို့လား-နှင့် တွဲ၍ ] (၁၉၇၇)

မြဝတီ တတိယအကြိမ် -(၁၉၉၈) ရာပြည့်စာအုပ်တိုက်

အုပ်ရေ

[၁၀၀၀]

မျက်နှာဖုံးရိုက်

ဦးမြသိန်း [၀၁၄၂၇ ]၊ သိန်းမြင့်ဝင်းအော့ဖ်ဆက် အမှတ် ၉၆၊ ၁၁ လမ်း၊ ရန်ကုန်မြို့။

ပုံနှိပ်သူ

ဒေါ်တင်တင်ဌေး[ဝ၅၂၄ဝ၊ သင်းလဲ့ဝင်း ပုံနှိပ်တိုက် အမှတ် ၁၊ ဗိုလ်ရာညွန့်လမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့ ။

ထုတ်ဝေသူ

ဦးလှကြိုင်[၀၂၃၃]၊ လောကစာပေ အမှတ် ၃၊ ငါးထပ်ကြီးဘုရားလမ်း၊ ဗဟန်း၊ ရန်ကုန်မြို့။

စာအုပ်ချုပ်

ကိုမြင့်

မျက်နှာဖုံး ပန်းချီ

ဝင်းမြင့်ဦး

တန်ဖိုး

၂၅၀ကျပ်


အမှာစာ

 

ကမ္ဘာ့စာပေဆုဟု ခေါ်ဆိုအပ်သော နိုဗဲစာပေဆုရ စာရေးဆရာများ၏ ဝတ္ထုတိုများကို မြန်မာပြန်ဆို၍ ယခုခေတ် မဂ္ဂဇင်းများ၌ ထည့်သွင်းဖော်ပြခဲ့သည်မှာ ၁၉၆၀ ပြည့်နှစ်လောက်မှ ဖြစ်ပါသည်။ ဤစာအုပ်တွင် နိုဗဲစာပေဆုရ စာရေးဆရာများအနက် ဆယ်ဦးသော စာရေးဆရာများ၏ စာ ဆယ့်တစ်ပုဒ်ကို ဆုရသက္ကရာဇ် အစဉ်အလိုက် ဖော်ပြထားပါသည်။ ထိုစာများကို အကောင်းဆုံးဟု မဆိုလိုပါ။ သို့ရာတွင် စံယူလောက်သည် ဟုကား ယူဆပါသည်။

တစ်ဖန် စာရေးဆရာများ အကြောင်းကို လည်းကောင်း၊ ဝတ္ထုတို အသီးသီးအတွက် မှတ်ချက်များကို လည်းကောင်း ဖော်ပြထားပါသည်။ အဘယ့်ကြောင့်ဆိုသော် စာရေးဆရာများကို အကြောင်းပြု၍ သူ့စာ၌ စိတ်ဝင်စားခြင်း ရှိကြစေလိုသောကြောင့် လည်းကောင်း၊ မှတ်ချက်ကို အကြောင်းပြု၍ စာ၏ အနှစ်သာရကို အလွယ်တကူ ဆင်ခြင်မိကြစေ လိုသောကြောင့် လည်းကောင်း ဖော်ပြရခြင်း ဖြစ်ပါသည်။ သို့ရာတွင် မှတ်ချက်ကို ဧဝကန်စကားဟု မယူဆ စေချင်ပါ။ မှတ်ချက်သည် မြန်မာပြန်သူ၏ ထင်မြင်ချက်သာ ဖြစ်ပါသည်။ စင်စစ်မှာမူ စာရှုသူသည် စာကိုယ်ကို ဖတ်၍ မိမိ၏ ဉာဏ်ဖြင့် ချိန်ဆ ချင့်တွက်ရန် ဖြစ်ပါသည်။

ထိုဝတ္ထုတိုများကို မြန်မာပြန်ရာတွင် ချုံ့ခြင်း၊ ချဉ်းခြင်း ကို ရှောင်နိုင်သမျှ ရှောင်၍ တိတိကျကျ ဖြစ်နိုင်သမျှ ဖြစ်အောင် အားထုတ်ပါသည်။ သို့ရာတွင် ဗဟိဒ္ဓအပ ယဉ်ကျေးမှု အမူအရာချင်း မတူကြသော အချက်အလက်များ၌ စာရေးဆရာ၏ အာဘော်ကို အထိအခိုက် မဖြစ်စေဘဲ မြန်မာစာဖတ်ပရိသတ် အတွက် ဆီလျော်အောင် မြန်မာပြန်ရသည့်အခါ ရှိပါသည်။ မြန်မာစာဖတ် ပရိသတ်သည် ထိုဝတ္ထုတိုများမှ ရသာနုဘဝန ဆိုအပ်သော ရသအတွေ့အကြုံကို ရ၍ ခံစားမှု အသိဖြင့် ဘဝအဖြစ်အပျက် အမျိုးမျိုးကို လည်းကောင်း၊ လူ့သဘော အမျိုးမျိုးကို လည်းကောင်း သိနားလည်၍ ဘဝသဘောထား ကြီးလာနိုင်ကြမည် ဟု ထင်ပါသည်။ အကယ်၍ ဖတ်၍ မကောင်းသည်တို့ကို တွေ့လျှင် မြန်မာပြန်သူ ညံ့သောကြောင့်သာ ဖြစ်ရသည်ဟု ယူပါ။

ဤစာအုပ် ဖြစ်လာနိုင်အောင် အစစ အရာရာ၌ အကူအညီ ပေးခဲ့ကြသော ငွေတာရီမဂ္ဂဇင်း အယ်ဒီတာ မင်းယုဝေကို လည်းကောင်း၊ စာရေးဆရာ မင်းကျော်ကို လည်းကောင်း ကျေးဇူးဥပကာရ တင်ရှိပါကြောင်း။

 

ဇော်ဂျီ

၁၉၆၆ ခုနှစ်၊ နိုဝင်ဘာလ။

 

Comments

Most Popular

ဖား - တော်ကောင်းမင်း

တသိမ့်သိမ့်ဒွန် - တက္ကသိုလ် နန္ဒမိတ် ၊ မြတ်ငြိမ်း၊ တင်မောင်မြင့်

ငြိမ်းတယ် ချမ်းတယ် မိုး - မင်းကျော်

နှင်းရိပ်ပြာ‌မှောင် - မောင်ရှင်စော

တစ္ဆေ - မင်းကျော် - Book Review

ရူးမူရာကာမိ - တိုကျိုကျဆုံးခန်း လက်ရွေးစင်ဝတ္ထုတိုများ - မိုးသက်ဟန်

စကားလက် သို့မဟုတ် လေရူးသုန်သုန် အဆက် - တင်မောင်မြင့်

ရွက်လှပန်း - မိုးမိုး(အင်းလျား)

မာန် - မောင်ထွန်းသူ - Book Review