ဖား-တော်ကောင်းမင်း နိဒါန်း နိုဗဲ စာပေဆုရ တရုတ် စာရေးဆရာကြီး မိုးယံ 1 ကို တရုတ်နိုင်ငံ၊ ဆန်းတုန်း ပြည်နယ်၊ ကောင်းမိ မြို့နယ်၊ တာ့လန် တိုက်နယ်၊ ဖိန်အန်း ရွာ (ယခု ဆန်းတုန်း ပြည်နယ်၊ ကောင်းမိမြို့) ၌ ၁၉၅၅ ခုနှစ်၊ ဖေဖော် ဝါရီလ ၁၇ ရက်နေ့တွင် ဖွားမြင်သည်။ အမည်ရင်းမှာ ကွမ်မောယဲ့ 2 ဖြစ်၏။ ကလောင်အမည် မိုးယံမှာ တရုတ်ဘာသာတွင် စကားမဆိုနှင့် သို့မဟုတ် တုဏှိဘောဟု အဓိပ္ပာယ် ရပေသည်။ တရုတ် ကွန်မြူနစ် ပါတီဝင်ဖြစ်၍ ဟောင်ကောင် အိုးပင်းတက္ကသိုလ်မှ ဂုဏ်ထူးဆောင် စာပေ ပါရဂူ ရရှိထားသူ၊ ချင်းတောင် သိပ္ပံနှင့် နည်းပညာ တက္ကသိုလ်မှ ဧည့်ပါမောက္ခ ဖြစ်၍ ဆန်းထို တက္ကသိုလ်မှ ပါမောက္ခလည်း ဖြစ်လေသည်။ ၂ဝ၁၁ ခုနှစ်၊ သြဂုတ်လတွင် သူ၏ ဝတ္ထုရှည် ဖားသည် မော်တွန်း စာပေဆု ကို ရရှိခဲ့သည်။ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့တွင် မိုးယံသည် ၎င်း၏ ‘အာရုံချောက်ချား သရုပ်မှန်ဝါဒ’ 3 ဖြင့် ကျေးလက်ပုံပြင်၊ သမိုင်းနှင့် ခေတ်ပြိုင်တို့ကို ပေါင်းစည်းနိုင်စွမ်း သဖြင့် နိုဗဲ စာပေဆု ကို ဆွတ်ခူးရရှိခဲ့ရာ ၎င်းစာပေဆုကို ရရှိသည့် ပထမဆုံးသော တရုတ်ပြည်သူ့သမ္မတ နိုင်ငံသား စာရေးဆရာ ဖြစ်လာခဲ့ပေသည်။ လယ်သမား မိသားစုတ...
Ebook တွေဖတ် မလှည့်ဖြစ်တာ အတော်ကြာနေပြီ။ ဒီရက်ပိုင်း ဖတ်ချင်တဲ့ စာအုပ်လေးတွေရှာရင်းနဲ့မှ WoW ကိုတွေ့မိတယ်။ စာဖတ်သူတွေ အတွက် တကယ်ကို စေတနာထားပြီး အချိန်ကုန်ခံ အပင်ပန်းခံပြီး ကြိုးစားပေးထားတာတွေ့ရတော့ အလွန်ပဲကျေးဇူးတင်မိတယ်။ Ebook တအုပ်ဖြစ်လာ ဖို့ အချိန်ဘယ်လောက်ပေးရလည်း၊ ဘယ်လောက်ပင်ပန်းရလည်းဆိုတာ ကိုယ်တိုင်လည်း အရင်က Kindle Myanmar Group မှာ Admin တယောက်အနေနဲ့ အမြဲ Contribute လုပ်နေခဲ့တော့ အပြည့်အဝနားလည်တယ်။ အခု ဒီ WoW က ဖန်တီးပေးထားတဲ့ စာအုပ်တွေကို တခြားသူတွေက အကျိုးအမြတ်အတွက် လုပ်စားနေတာတွေမြင်ရတာလည်း စိတ်မကောင်းဘူး။ ကိုယ်တွေတုန်းကလည်း အဲ့ဒီလိုပါပဲ အပင်ပန်းခံ Contribute လုပ်ထားတဲ့ စာအုပ်တွေကို သူတို့ ကိုယ်တိုင်ဖန်တီးထားသလိုတွေ နဲ့ ကိုယ်ကျိုးရှာနေတာတွေ မြင်ခဲ့ကြုံခဲ့ရဖူးတာပါပဲ။ ဒါပေမယ့်လည်း ဪ ငါ အပင်ပန်းခံ ဖန်တီးပေးထားတဲ့ စာအုပ်လေးတွေ စာဖတ်သူတွေကြားထဲရောက်နေတာပါလား ဆိုနဲ့ စိတ်နဲ့တင် ပျော်ရွှင်ရပါတယ်။ အခုလည်းတကယ်လိုအပ်နေတဲ့ ကွက်လပ်တခုကို အားသွန်ခွန်စိုက် ဖြည့်ပေးနေတဲ့ WoW ရဲ့ စာအုပ်တွေဟာ ebook readers တွေအတွက်တော့ တကယ့် အဖိုးတန်ရတနာတွေလိုပါပဲ၊ ဘယ်သူတွေ ဘယ်လိုပဲ မတရားအမြတ်ထုတ်သည်ဖြစ်စေ၊ စာအုပ်ကို ဖတ်လိုက်တာ နဲ့ အပြင်အဆင် Layout၊ Proofing တွေကို ကြည့်ရုံနဲ့တင် ဒီစာအုပ်က WoW က ဖန်တီးပေးထားတဲ့ စာအုပ်ပဲ ဆိုတာ စာဖတ်သူတွေသိကြပါတယ်။ အဲ့ဒီအတွက်လည်း စာဖတ်သူတွေက အမြဲကျေးဇူးတင်နေမိမှာပါ။ WoW အနေနဲ့လည်း စာဖတ်သူတွေ ကြားထဲမှာ ကိုယ်ဖန်တီးပေးထားတဲ့ စာအုပ်လေးတွေ ပျံ့နှံ့နေရာယူထားတဲ့ အတွက်လည်း ပျော်ရွှင်နေလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါဟာ ဘာအကျိုးကျေးဇူးတစုံတရာ ကိုမှ မမျှော်လင့်ထားတဲ့ ပျော်ရွှင်မှုဖြစ်တဲ့ အတွက် အလွန်တရာသန့်စင်မွန်မြတ်ပါတယ်။ လိုအပ်တဲ့ အကူအညီများရှိရင် ကူညီချင်ပါတယ်၊ အလုပ်များတဲ့ အတွက် အချိန်ပေးပြီး စာအုပ်တွေတော့ ဖန်တီးပေးနိုင်မှာ မဟုတ်ပေမယ့် တခြားကူညီနိုင်တာမျိုးတွေရှိရင် ကူညီချင်ပါတယ်။ ဟိူအရင် ၂၀၁၈/၁၉ လောက်က Kindle Myanmar Dictionary ဆိုပြီး prc format နဲ့ dictionary လေးတခု လုပ်ပေးခဲ့ဖူးတယ်၊ Kindle တွေက Unicode Rendering အဆင်မပြေတော့ မဖြစ်ဖြစ်အောင် ဧကာမြန်မာ နဲ့ ဖြစ်သလိုလုပ်ခဲ့ရတယ်၊ အလုပ်မျတော့ အချိန်လည်းမပေးနိုင်တာနဲ့ Version 1.0 ကနေ တက်မလာခဲ့ဘူး။ WoW ကဆက်ပြီး Update လုပ်ပေးနိုင်ရင်ကောင်းမယ်လိုတွေးမိတယ်၊ အခုက Kindle မသုံးတော့တာလည်း ကြာပြီဆိုတော့ Unicode Rendering တွေ အဆင်ပြေနေပြီလား၊ မပြေသေးဘူးလားလည်း မသိတော့ဘူး။ လုပ်ပေးနိုင်ရင်တော့ Project File တွေ ပြန်ရှာပြီး ပို့ပေးနိုင်မယ်ထင်တာပါပဲ။
ReplyDeleteဟုတ်ကဲ့ ကျေးဇူးအရမ်းတင်ပါတယ် ခင်ဗျ၊ ကျွန်တော်တို့ အဖွဲ့ ဆီကို အလည်လာခဲ့လို့ရပါတယ် ကြိုဆို နေမှာပါ။ အရင်အချိန်တွေ ပြန်အမှတ်ရ မိသွားတာပေါ့။
Delete💕
@WhisperofWords0 ဒါ ကျွန်တော့် username ပါ။