မြန်မာပြည်က ရေးတဲ့စာ - အောင်ဆန်းစုကြည်

 


ဒေါ်အောင်ဆန်းစုကြည်၏ အမှာစာ

 

မြန်မာပြည်ကရေးတဲ့စာများဟာ မြန်မာပြည်ထဲက မြန်မာရနံ့သင်းပျံ့တဲ့ ပုံရိပ်တွေ မြန်မာ့လူမှု စီးပွား အခြေအနေ တွေကို ရောင်ပြန်ထင်ဟပ်မယ်လို့ ထင်ပါတယ်။ တစ်ခါတစ်ခါမှာ အဝေးက မြန်မာပြည်ကို ကြည့်ကြသူတွေနဲ့၊ မြန်မာ ပြည်ထဲက မြန်မာပြည်ကို သိကြသူတွေ အမြင်ချင်း ကွာခြားကြမယ် ထင်ပါတယ်။ မြန်မာပြည်က ပေးစာများက မြန်မာ ပြည်တွင်းကသူ တစ်ယောက်ရဲ့ လက်ရာတစ်ခု ဖြစ်တဲ့အတွက်၊ အဝေးက ကြည့်သူတွေ အတွက်လည်း တစ်စုံတစ်ရာ ခံစားချက်ပေးနိုင်မယ် ထင်ပါတယ်။

နိုင်ငံရေးကိစ္စတွေနဲ့ နိစ္စဓူဝလှုပ်ရှားရုန်းကန်နေရတဲ့ ကာလတွေမှာ၊ လောကကြီးကို ပတ်ဝန်းကျင်ကို၊ လူအများထဲ က လူသားတစ်ယောက်လို ကြည့်မြင်မိတဲ့ အခိုက်အတန့်လေးတွေဟာ တန်ဖိုးရှိလှတယ်လို့ ထင်ပါတယ်။ တစ်ခါတလေ တော့လည်း နိုင်ငံရေး အလုပ်တာဝန်တွေကြောင့် မရေးဖြစ်ခဲ့တဲ့ လတွေလည်း ရှိခဲ့ပါတယ်။ မရေးမဖြစ်လို့ တာဝန်အရ အတင်း ရေးရတာထက် တစ်လလောက် အကျော်ခံပြီး ကိုယ်ရေးချင်တဲ့၊ ရေးနိုင်တဲ့လမှာ ရေးရတာက ပိုပြီး တန်ဖိုး ရှိပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ်၊ အခုလို ဘာသာနှစ်မျိုးနဲ့ ထုတ်ဝေဖို့ စီစဉ်တဲ့၊ ထုတ်ဝေပေးတဲ့ ကိုမော်လင်း နဲ့တကွ တခြားသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ စာမူတွေကို ဖော်ပြခဲ့တဲ့ ပြည်သူ့ခေတ်ဂျာနယ်၊ ပြည်သူ့အရေးဂျာနယ်ကို လည်း ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် နားလည်မှု အပြည့်အဝနဲ့ ကျွန်မပေးစာများ ရေးနိုင်တဲ့ အခါတိုင်း ရိုက်နှိပ် ထုတ်ဝေခဲ့တဲ့ Mainichi Shimbun သတင်းစာကိုလည်း ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။


အောင်ဆန်းစုကြည်

၁၄ ဇန်နဝါရီ ၂၀၁၅


Download Epub Kfx Pdf

Comments

Most Popular

ဖား - တော်ကောင်းမင်း

တသိမ့်သိမ့်ဒွန် - တက္ကသိုလ် နန္ဒမိတ် ၊ မြတ်ငြိမ်း၊ တင်မောင်မြင့်

ငြိမ်းတယ် ချမ်းတယ် မိုး - မင်းကျော်

နှင်းရိပ်ပြာ‌မှောင် - မောင်ရှင်စော

တစ္ဆေ - မင်းကျော် - Book Review

ရူးမူရာကာမိ - တိုကျိုကျဆုံးခန်း လက်ရွေးစင်ဝတ္ထုတိုများ - မိုးသက်ဟန်

စကားလက် သို့မဟုတ် လေရူးသုန်သုန် အဆက် - တင်မောင်မြင့်

ရွက်လှပန်း - မိုးမိုး(အင်းလျား)

မာန် - မောင်ထွန်းသူ - Book Review