ရေကန်သာ ကြာတိုင်းအေး - နေဝင်းမြင့်

 


နေဝင်းမြင့်၏ အမှာ

 

၁။

The Glass Palace ဝတ္ထုကြီးကို သဘာဝပတ်ဝန်းကျင်ပညာရှင် ဆရာဂါ (ဦးဦးဂါ)က တစ်ရက် ကျွန်တော် နေထိုင်သည့် မန္တလေးမြို့ ကမ်းနားတိုက်ခန်းသို့ လာရောက်လည်ပတ်ရင်း ပေးခဲ့ခြင်းဖြစ်ပါသည်။ ထိုစဉ်က ဆရာကိုယ်တိုင် အိန္ဒိယနိုင်ငံမှ ပြန်ရောက်စဖြစ်၍ ဆရာကို လည်း အိန္ဒိယနိုင်ငံမှ အိန္ဒိယလူမျိုး မိတ်ဆွေတစ်ယောက်က လက်ဆောင်ပေးလိုက်ခြင်းဖြစ်သည်။ ၃၀၊ မေ ၂၀၀၃ ရက်စွဲထိုးထားသော မစ္စတာယိုဂီး (ယောဂီ) ဆိုသူက ပေးထားကြောင်း ဆရာ စာအုပ် တစ်နေရာတွင် တွေ့ရသည်။ ဆရာက ကျွန်တော့်ကို ၂၁၊ ဇွန် ၂၀၀၄ တွင် ပေးခဲ့ခြင်း ဖြစ်၏။ စာအုပ်ကိုမဖတ်သေးဘဲ မျက်နှာဖုံးပေါ်က အညွှန်းကို ကျွန်တော် ဖတ်ကြည့်သည်။

‘မန္တလေးတွင် အစပြုခဲ့သည့် မျိုးဆက်သုံးဆက်၏ အံ့ချီးဖွယ်၊ ဆွတ်ပျံ့ဖွယ်၊ စွဲမက်ဖွယ်ဝတ္ထု’

ဤသို့ဖြင့် ပထမအခန်းကို ကျွန်တော် ဖတ်ဖြစ်ပါသည်။ အခန်းကြီး ၇ ခန်း ပါဝင်၍ အခန်းငယ် ၄၈ ခန်း ပါဝင်သော သည်စာအုပ်ကြီးထဲက ပထမအခန်း(မန္တလေး)ကို ဖတ်မိသည်မှ စ၍ ကျွန်တော် ဘာသာပြန်ချင်စိတ် ရှိခဲ့သည်။ တစ်ခန်းပြီးအောင် ပြန်ထားလိုက်သည်။

ကျွန်တော် ပြန်ပြီးသလောက် အကြောင်းအရာ များနှင့်ပတ်သက်၍ အမရပူရမြို့တွင် ကိုထွန်းဦး (ထွန်းဦးစာပေ)နှင့် ပြောဖြစ်ကြသည်။ ကိုထွန်းဦးက ချက်ချင်းပင် ဘာသာပြန်ဆိုရန် အပ်သည်။ စာမူခကိုပါ ပေးခဲ့သေးသည်။ ပြီးလျှင် ယနေ့မန္တလေးစာအုပ်တိုက်က ထုတ်ဝေမည်ဟု ဆိုသည်။ နောက်တော့ ကျွန်တော် ဆက်မပြန်ဖြစ်သလို ယနေ့မန္တလေးစာအုပ်တိုက်သည် လည်း ဖျက်သိမ်းလိုက်သည်။ ပို၍ပင် ဝေးသွားခဲ့သည်။ သည်လောက်ထူထဲသည့် စာအုပ်အတွက် မဂ္ဂဇင်းများက နေရာပေးရန် ခက်သည်။ အားလုံးပြီးစီးအောင် ပြန်ဆိုထားရန်ကလည်း စွန့်စားရာ ကျလွန်းရော့မည်။ ဤသို့ဖြင့်ပင် ပြန်လက်စ အခန်းတစ်ခန်းသည် ကျွန်တော့် စာရေးခန်းတွင် အိပ်မောကျသွားခဲ့သည်။


Download Epub Kfx 

Comments

Most Popular

ဖား - တော်ကောင်းမင်း

တသိမ့်သိမ့်ဒွန် - တက္ကသိုလ် နန္ဒမိတ် ၊ မြတ်ငြိမ်း၊ တင်မောင်မြင့်

ငြိမ်းတယ် ချမ်းတယ် မိုး - မင်းကျော်

နှင်းရိပ်ပြာ‌မှောင် - မောင်ရှင်စော

တစ္ဆေ - မင်းကျော် - Book Review

ရူးမူရာကာမိ - တိုကျိုကျဆုံးခန်း လက်ရွေးစင်ဝတ္ထုတိုများ - မိုးသက်ဟန်

စကားလက် သို့မဟုတ် လေရူးသုန်သုန် အဆက် - တင်မောင်မြင့်

ရွက်လှပန်း - မိုးမိုး(အင်းလျား)

မာန် - မောင်ထွန်းသူ - Book Review