ငြိမ်းတယ် ချမ်းတယ် မိုး - မင်းကျော်
ငြိမ်းတယ် ချမ်းတယ် မိုး - မင်းကျော်
❝ချစ်တယ်ဆိုတာမျိုးဟာ တစ်ခါတစ်ခါ ကိုယ်ကသိပေမဲ့ တကယ်မသိနိုင်တာ ရှိသလို၊ ကိုယ်က မသိဘူးထင်နေတာကို တမ်းတမ်းစွဲချစ်နေတာမျိုး ရှိနိုင်တယ်❞
နှစ် ၁၀၀၊ ဝတ္ထု ၁၀၀ စာရင်းဝင် စာအုပ်လေးဖြစ်တဲ့ ဆရာမင်းကျော် (ကျော်လှိုင်ဦး)၏ (ငြိမ်းတယ် ချမ်းတယ်မိုး)မှ။
စာရေးဆရာ မင်းကျော်ရဲ့ “ငြိမ်းတယ် ချမ်းတယ် မိုး” ဆိုတဲ့ စာအုပ်က ဖတ်ရတာ ဆွဲဆောင်မှု ရှိလှပါတယ်။ အပေါ်ယံကြည့်ရင်တော့ လူငယ်တယောက်ရဲ့ အချစ်ဇာတ်လမ်းလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မိသားစု လျှို့ဝှက်ချက်တွေနဲ့ ဘဝရဲ့ ပဟေဠိတွေကို ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။
ကိုဝင်းဆွေ ဆိုတဲ့ လူငယ်တယောက် နိုင်ငံရပ်ခြားကနေ အမေ့ဆီ ပြန်လာပုံနဲ့ အစပျိုးထားတယ်။ အမေဖြစ်သူရဲ့ ဆန္ဒအတိုင်း ငယ်သူငယ်ချင်း သင်းသင်း နဲ့ လက်ထပ်ပြီး “စခန်းသာ” ဆိုတဲ့ အိမ်ကြီးမှာ အခြေချ နေထိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအိမ်ကြီးရဲ့ နောက်ကွယ်မှာ ကိုဝင်းဆွေ မသိသေးတဲ့ အတိတ်က အကြောင်းအရာတွေ ရှိနေတာပါ။
စာအုပ်ထဲမှာ ကိုဝင်းဆွေနဲ့ ပတ်သက်တဲ့ အမျိုးသမီး သုံးယောက်ကို တွေ့ရမယ်။ တက္ကသိုလ်ကျောင်းသားဘဝက စိတ်ဝင်စားခဲ့ရတဲ့ ထက်မြက်တဲ့ မစံပယ်၊ လောကီအသိုင်းအဝိုင်းကြားမှာ ကျင်လည်တတ်တဲ့ ဇနီးသည် သင်းသင်း၊ နောက်ပြီး ကျွန်းသာရွာကလေးမှာ အေးအေးချမ်းချမ်း နေထိုင်တဲ့ ဆရာမလေး မရင်ငြိမ်း။ ဒီသုံးယောက်ကြားမှာ ကိုဝင်းဆွေ တယောက် ဘဝရဲ့ အဖြေမှန်ကို ဘယ်လိုရှာမလဲဆိုတာက စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။
ဇာတ်လမ်းရဲ့ အလှည့်အပြောင်းတွေမှာ ဦးလေးဖြစ်သူ ဦးလေးထွန်း နဲ့ အဘိုးကြီး ဦးညိုမောင် တို့ရဲ့ အခန်းကဏ္ဍကလည်း အရေးပါပါတယ်။ သူတို့ကြားက တင်းမာမှုတွေ၊ တယောက်နဲ့ တယောက် မကျေလည်နိုင်တဲ့ အတိတ်က ကိစ္စတွေက ကိုဝင်းဆွေကိုရော ဖတ်နေတဲ့သူကိုပါ စဉ်းစားစရာတွေ ပေးပါလိမ့်မယ် ။
စာရေးဆရာ မင်းကျော်က “မိုး” ကို အခြေခံပြီး လူတွေရဲ့ စိတ်နေစိတ်ထားနဲ့ ဘဝအနိမ့်အမြင့်ကို သဘာဝကျကျ ရေးပြသွားတာပါ။ စကားလုံး အသုံးအနှုန်းတွေက ရိုးရိုးရှင်းရှင်းနဲ့ ဇာတ်လမ်းကို ဆွဲခေါ်သွားတာမို့ ဖတ်ရတာ သွက်လက်တယ်။ ဘဝရဲ့ လျှို့ဝှက်ချက်တွေကို စိတ်ဝင်စားသူတွေအတွက်ကတော့ တခေါက်လောက်တော့ ဖတ်ကြည့်သင့်တဲ့ စာအုပ်ကောင်း တအုပ် ဖြစ်ပါတယ်။
.webp)
Ebook တွေဖတ် မလှည့်ဖြစ်တာ အတော်ကြာနေပြီ။ ဒီရက်ပိုင်း ဖတ်ချင်တဲ့ စာအုပ်လေးတွေရှာရင်းနဲ့မှ WoW ကိုတွေ့မိတယ်။ စာဖတ်သူတွေ အတွက် တကယ်ကို စေတနာထားပြီး အချိန်ကုန်ခံ အပင်ပန်းခံပြီး ကြိုးစားပေးထားတာတွေ့ရတော့ အလွန်ပဲကျေးဇူးတင်မိတယ်။ Ebook တအုပ်ဖြစ်လာ ဖို့ အချိန်ဘယ်လောက်ပေးရလည်း၊ ဘယ်လောက်ပင်ပန်းရလည်းဆိုတာ ကိုယ်တိုင်လည်း အရင်က Kindle Myanmar Group မှာ Admin တယောက်အနေနဲ့ အမြဲ Contribute လုပ်နေခဲ့တော့ အပြည့်အဝနားလည်တယ်။ အခု ဒီ WoW က ဖန်တီးပေးထားတဲ့ စာအုပ်တွေကို တခြားသူတွေက အကျိုးအမြတ်အတွက် လုပ်စားနေတာတွေမြင်ရတာလည်း စိတ်မကောင်းဘူး။ ကိုယ်တွေတုန်းကလည်း အဲ့ဒီလိုပါပဲ အပင်ပန်းခံ Contribute လုပ်ထားတဲ့ စာအုပ်တွေကို သူတို့ ကိုယ်တိုင်ဖန်တီးထားသလိုတွေ နဲ့ ကိုယ်ကျိုးရှာနေတာတွေ မြင်ခဲ့ကြုံခဲ့ရဖူးတာပါပဲ။ ဒါပေမယ့်လည်း ဪ ငါ အပင်ပန်းခံ ဖန်တီးပေးထားတဲ့ စာအုပ်လေးတွေ စာဖတ်သူတွေကြားထဲရောက်နေတာပါလား ဆိုနဲ့ စိတ်နဲ့တင် ပျော်ရွှင်ရပါတယ်။ အခုလည်းတကယ်လိုအပ်နေတဲ့ ကွက်လပ်တခုကို အားသွန်ခွန်စိုက် ဖြည့်ပေးနေတဲ့ WoW ရဲ့ စာအုပ်တွေဟာ ebook readers တွေအတွက်တော့ တကယ့် အဖိုးတန်ရတနာတွေလိုပါပဲ၊ ဘယ်သူတွေ ဘယ်လိုပဲ မတရားအမြတ်ထုတ်သည်ဖြစ်စေ၊ စာအုပ်ကို ဖတ်လိုက်တာ နဲ့ အပြင်အဆင် Layout၊ Proofing တွေကို ကြည့်ရုံနဲ့တင် ဒီစာအုပ်က WoW က ဖန်တီးပေးထားတဲ့ စာအုပ်ပဲ ဆိုတာ စာဖတ်သူတွေသိကြပါတယ်။ အဲ့ဒီအတွက်လည်း စာဖတ်သူတွေက အမြဲကျေးဇူးတင်နေမိမှာပါ။ WoW အနေနဲ့လည်း စာဖတ်သူတွေ ကြားထဲမှာ ကိုယ်ဖန်တီးပေးထားတဲ့ စာအုပ်လေးတွေ ပျံ့နှံ့နေရာယူထားတဲ့ အတွက်လည်း ပျော်ရွှင်နေလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါဟာ ဘာအကျိုးကျေးဇူးတစုံတရာ ကိုမှ မမျှော်လင့်ထားတဲ့ ပျော်ရွှင်မှုဖြစ်တဲ့ အတွက် အလွန်တရာသန့်စင်မွန်မြတ်ပါတယ်။ လိုအပ်တဲ့ အကူအညီများရှိရင် ကူညီချင်ပါတယ်၊ အလုပ်များတဲ့ အတွက် အချိန်ပေးပြီး စာအုပ်တွေတော့ ဖန်တီးပေးနိုင်မှာ မဟုတ်ပေမယ့် တခြားကူညီနိုင်တာမျိုးတွေရှိရင် ကူညီချင်ပါတယ်။ ဟိူအရင် ၂၀၁၈/၁၉ လောက်က Kindle Myanmar Dictionary ဆိုပြီး prc format နဲ့ dictionary လေးတခု လုပ်ပေးခဲ့ဖူးတယ်၊ Kindle တွေက Unicode Rendering အဆင်မပြေတော့ မဖြစ်ဖြစ်အောင် ဧကာမြန်မာ နဲ့ ဖြစ်သလိုလုပ်ခဲ့ရတယ်၊ အလုပ်မျတော့ အချိန်လည်းမပေးနိုင်တာနဲ့ Version 1.0 ကနေ တက်မလာခဲ့ဘူး။ WoW ကဆက်ပြီး Update လုပ်ပေးနိုင်ရင်ကောင်းမယ်လိုတွေးမိတယ်၊ အခုက Kindle မသုံးတော့တာလည်း ကြာပြီဆိုတော့ Unicode Rendering တွေ အဆင်ပြေနေပြီလား၊ မပြေသေးဘူးလားလည်း မသိတော့ဘူး။ လုပ်ပေးနိုင်ရင်တော့ Project File တွေ ပြန်ရှာပြီး ပို့ပေးနိုင်မယ်ထင်တာပါပဲ။
ReplyDeleteဟုတ်ကဲ့ ကျေးဇူးအရမ်းတင်ပါတယ် ခင်ဗျ၊ ကျွန်တော်တို့ အဖွဲ့ ဆီကို အလည်လာခဲ့လို့ရပါတယ် ကြိုဆို နေမှာပါ။ အရင်အချိန်တွေ ပြန်အမှတ်ရ မိသွားတာပေါ့။
Delete💕
@WhisperofWords0 ဒါ ကျွန်တော့် username ပါ။
Done
ReplyDelete