မင်းကျော်၊ ကျော်လှိုင်ဦး
မင်းကျော် (ကျော်လှိုင်ဦး) သည် မြန်မာနိုင်ငံသား စာရေးဆရာတစ်ဦး ဖြစ်သည်။ ချောက်မြို့ရေနံမြေ ရပ်ကွက်၌ အဖ ကျောင်းဆရာ ဦးဘလှိုင်၊ အမိ ဒေါ်တင်ဦး တို့က ၁၉၃၃ ခုနှစ် မတ်လ ၆ ရက်တွင် မွေးသည်။ မွေးချင်းငါးယောက်တွင် အကြီးဆုံး ဖြစ်သည်။ အမည်ရင်း ကျော်ဆွေ၊ ငယ်မည် ခွေးညို ဖြစ်သည်။
| မင်းကျော် | |
|---|---|
| အမည်ရင်း | ကျော်ဆွေ |
| မွေးဖွား | ကျော်ဆွေ ၆ မတ်၊ ၁၉၃၃ ရေနံမြေရပ်ကွက်၊ ချောက်မြို့ |
| ကလောင်အမည် | မင်းကျော်၊ ကျော်လှိုင်ဦး |
| အလုပ်အကိုင် | စာရေးဆရာ |
| ဘာသာစကား | မြန်မာ |
| နိုင်ငံသား | မြန်မာ |
| စာပေအမျိုးအစား | ဘာသာပြန်၊ စိတ်ကူးယဉ်အချစ်ဇတ်လမ်း၊ ဝတ္တုတို |
| ထင်ရှားသည့်လက်ရာများ | ငါတို့ခေတ်နှင့်အပြိုင် (၅တွဲ) ၁၉၆၇-၇၁ |
| လက်မှတ် | |
ငယ်ဘဝ
ချောက်မြို့ ဘီအိုစီ ရေအိုးစင်ကျောင်း (၁၉၃၈ - ၄၂)၊ မကွေးမြို့နယ် ရှားပင်လှ ကျေးရွာ ဘုန်းတော်ကြီး ဦးဝါသဝကျောင်း (၁၉၄၂ - ၄၅)၊ မကွေး အစိုးရ မူလတန်းလွန် ကျောင်း (၁၉၄၅ - ၄၆)၊ ချောက် အစိုးရ မူလတန်းလွန် ကျောင်း (၁၉၄၆ - ၅ဝ)တွင် ကျောင်းထွက် လက်မှတ်ရ စာမေးပွဲ အထိ၊ ရန်ကုန် ဆရာအတတ်သင်သိပ္ပံ အလယ်တန်းဆရာဖြစ်သင်တန်း (၁၉၅၁ - ၅၃)၊ တက္ကသိုလ်ဝင် စာမေးပွဲ (၁၉၅၂) အောင်၊ အလယ်တန်းဆရာဖြစ် လက်မှတ်ရ (၁၉၅၃)၊ စာပေဗိမာန် အဋ္ဌမပတ် စာကြည့်တိုက်သင်တန်း (၁၉၅၄)၊ ပြင်ပ ကျောင်းသား အဖြစ် ဥပစာ (က) တန်း (၁၉၅၆) အောင်၊ ဒေလီမြို့ အမျိုးသား မော်ကွန်းတိုက် မော်ကွန်းထိန်း သင်တန်း (၁၉၅၇) တက်၊ ဥပစာ (ခ) တန်းနှင့် ဝိဇ္ဇာ (က) တန်း (၁၉၅၈) အောင်၊ ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ (၁၉၆ဝ) ရခဲ့သည်။
ချောက်မြို့ အစိုးရမူလတန်းလွန်ကျောင်း၌ ကျောင်းစာရေး (၁၉၅ဝ - ၅၁)၊ ရန်ကုန်မြို့၌ စက်ဆန်း အလယ်တန်းကျောင်း၊ ထို့နောက် ကြည့်မြင်တိုင် ကွက်သစ် အလယ်တန်းကျောင်းတွင် အလယ်တန်းပြဆရာ (၁၉၅၃ - ၅၅)၊ မြန်မာနိုင်ငံ သမိုင်းကော်မရှင်တွင် အထက်တန်း ကျောက်စာကူး အမှုထမ်း (၁၉၅၅ - ၅၇)၊ သမိုင်းကော်မရှင် စာကြည့်တိုက်နှင့် မော်ကွန်းလက်ထောက် (၁၉၅၇ - ၅၉)၊ ဗြိတိသျှသံရုံး၌ ဘာသာပြန်သူ (၁၉၅၉) မြန်မာနိုင်ငံ သမိုင်းကော်မရှင် မော်ကွန်းအရာရှိ (၁၉၆ဝ - ၆၂)၊ စာရေးဆရာ စာပေကလပ် အတွင်းရေးမှူးချုပ် (၁၉၆၂ - ၆၃)၊ မြန်မာနိုင်ငံ စာရေးဆရာသမဂ္ဂ အတွင်းရေးမှူး (၁၉၆၃)၊ အမျိုးသားစာပေ ညီညွတ်ရေးကော်မတီ အတွင်းရေးမှူး (၁၉၆၄)၊ ၁ ဖေဖော်ဝါရီ ၁၉၆၆ မှစ၍ တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာနတွင် စာတည်းအဖြစ် အမှုထမ်းခဲ့သည်။ စာပေလုပ်သား ဖြစ်မြောက်ရေး ကော်မတီဝင် (၁၉၆၆ - ရ၆)၊ စာပေလုပ်သားအဖွဲ့ အမှုဆောင် (၁၉၈၁)၊ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ (၁၉၈၉ - ၉၁) တာဝန်များ ယူခဲ့သည်။
စာပေရေးသားခြင်း
ဘဝနိဂုံး
ထင်ရှားသည့်စာအုပ်အချို့
- မြန်မာဝတ္ထုအညွှန်း (၆)တွဲ (မလိခအမည်ဖြင့်)
- ပျို့အညွှန်း (မလိခ)
- မြန်မာစာပေအဘိဓာန် ၄တွဲ (မလိခ)
- ကမ္ဘာကျော်စာအုပ် - ၁၀၀ (ကျော်အောင်၊ ညွှန့်ကြူးတွဲ) နွယ်သစ် အမည်ဖြင့်
- တော်လှန်စာပေ (မောင်နေဝင်း၊ နတ်နွယ်-တွဲ)
ပင်ကိုရေး
- ငါတို့ခေတ်နှင့်အပြိုင် (၅)တွဲ
- မဟာ
- တစ္ဆေ
- လှိုင်
- ပုဂံသား
- အာဠာဝက
- ဘယ်သူပြိုင်လို့ လှပါတော့နိုင် စသည်ဖြင့် လုံးချင်း(၄၀) ကျော် ရေးခဲ့
- အဖြူကို မည်သူအနက်ဆိုးသနည်း (အမျိုးသားစာပေဆုရ)
- ရွှေညာမှာညိုတဲ့မိုး
- သည်သောင်ယံကမခွာရက်တယ်
- ကြာနီတပွင့် ဖြူတပွင့်
- ပဲခူးသား
- ခွေးညို
- လျှပ်တပြက် ဂျပန်
ဘာသာပြန် (ကျော်လှိုင်ဦး အမည်ဖြင့်)
- ဦးလေးတွမ် (ဘာသာပြန်ဆုရ)
- မဒမ်ဘိုဗါရီ
- တစ်ထောင့်တစ်ည (ဘာသာပြန်ဆုရ)
- တော်လှန်သောကဗျာဆရာ
- အောင်ဆုံးအလွှာ
- တဂိုးကဗျာများ
- လေထန်ကုန်း
- ဒေါက်တာဂျက်ကီးနှင့် မစ္စတာဟိုက်
