ငြိမ်းတယ် ချမ်းတယ် မိုး - မင်းကျော်

 


 ငြိမ်းတယ် ချမ်းတယ် မိုး - မင်းကျော်

❝ချစ်တယ်ဆိုတာမျိုးဟာ တစ်ခါတစ်ခါ ကိုယ်ကသိပေမဲ့ တကယ်မသိနိုင်တာ ရှိသလို၊ ကိုယ်က မသိဘူးထင်နေတာကို တမ်းတမ်းစွဲချစ်နေတာမျိုး ရှိနိုင်တယ်❞

နှစ် ၁၀၀၊ ဝတ္ထု ၁၀၀ စာရင်းဝင် စာအုပ်လေးဖြစ်တဲ့ ဆရာမင်းကျော် (ကျော်လှိုင်ဦး)၏ (ငြိမ်းတယ် ချမ်းတယ်မိုး)မှ။

Download Epub Kfx 

Comments

  1. Ebook တွေဖတ် မလှည့်ဖြစ်တာ အတော်ကြာနေပြီ။ ဒီရက်ပိုင်း ဖတ်ချင်တဲ့ စာအုပ်လေးတွေရှာရင်းနဲ့မှ WoW ကိုတွေ့မိတယ်။ စာဖတ်သူတွေ အတွက် တကယ်ကို စေတနာထားပြီး အချိန်ကုန်ခံ အပင်ပန်းခံပြီး ကြိုးစားပေးထားတာတွေ့ရတော့ အလွန်ပဲကျေးဇူးတင်မိတယ်။ Ebook တအုပ်ဖြစ်လာ ဖို့ အချိန်ဘယ်လောက်ပေးရလည်း၊ ဘယ်လောက်ပင်ပန်းရလည်းဆိုတာ ကိုယ်တိုင်လည်း အရင်က Kindle Myanmar Group မှာ Admin တယောက်အနေနဲ့ အမြဲ Contribute လုပ်နေခဲ့တော့ အပြည့်အဝနားလည်တယ်။ အခု ဒီ WoW က ဖန်တီးပေးထားတဲ့ စာအုပ်တွေကို တခြားသူတွေက အကျိုးအမြတ်အတွက် လုပ်စားနေတာတွေမြင်ရတာလည်း စိတ်မကောင်းဘူး။ ကိုယ်တွေတုန်းကလည်း အဲ့ဒီလိုပါပဲ အပင်ပန်းခံ Contribute လုပ်ထားတဲ့ စာအုပ်တွေကို သူတို့ ကိုယ်တိုင်ဖန်တီးထားသလိုတွေ နဲ့ ကိုယ်ကျိုးရှာနေတာတွေ မြင်ခဲ့ကြုံခဲ့ရဖူးတာပါပဲ။ ဒါပေမယ့်လည်း ဪ ငါ အပင်ပန်းခံ ဖန်တီးပေးထားတဲ့ စာအုပ်လေးတွေ စာဖတ်သူတွေကြားထဲရောက်နေတာပါလား ဆိုနဲ့ စိတ်နဲ့တင် ပျော်ရွှင်ရပါတယ်။ အခုလည်းတကယ်လိုအပ်နေတဲ့ ကွက်လပ်တခုကို အားသွန်ခွန်စိုက် ဖြည့်ပေးနေတဲ့ WoW ရဲ့ စာအုပ်‌တွေဟာ ebook readers တွေအတွက်တော့ တကယ့် အဖိုးတန်ရတနာတွေလိုပါပဲ၊ ဘယ်သူတွေ ဘယ်လိုပဲ မတရားအမြတ်ထုတ်သည်ဖြစ်စေ၊ စာအုပ်ကို ဖတ်လိုက်တာ နဲ့ အပြင်အဆင် Layout၊ Proofing တွေကို ကြည့်ရုံနဲ့တင် ဒီစာအုပ်က WoW က ဖန်တီးပေးထားတဲ့ စာအုပ်ပဲ ဆိုတာ စာဖတ်သူတွေသိကြပါတယ်။ အဲ့ဒီအတွက်လည်း စာဖတ်သူတွေက အမြဲကျေးဇူးတင်နေမိမှာပါ။ WoW အနေနဲ့လည်း စာဖတ်သူတွေ ကြားထဲမှာ ကိုယ်ဖန်တီးပေးထားတဲ့ စာအုပ်လေးတွေ ပျံ့နှံ့နေရာယူထားတဲ့ အတွက်လည်း ပျော်ရွှင်နေလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါဟာ ဘာအကျိုးကျေးဇူးတစုံတရာ ကိုမှ မမျှော်လင့်ထားတဲ့ ပျော်ရွှင်မှုဖြစ်တဲ့ အတွက် အလွန်တရာသန့်စင်မွန်မြတ်ပါတယ်။ လိုအပ်တဲ့ အကူအညီများရှိရင် ကူညီချင်ပါတယ်၊ အလုပ်များတဲ့ အတွက် အချိန်ပေးပြီး စာအုပ်တွေတော့ ဖန်တီးပေးနိုင်မှာ မဟုတ်ပေမယ့် တခြားကူညီနိုင်တာမျိုးတွေရှိရင် ကူညီချင်ပါတယ်။ ဟိူအရင် ၂၀၁၈/၁၉ လောက်က Kindle Myanmar Dictionary ဆိုပြီး prc format နဲ့ dictionary လေးတခု လုပ်ပေးခဲ့ဖူးတယ်၊ Kindle တွေက Unicode Rendering အဆင်မပြေတော့ မဖြစ်ဖြစ်အောင် ဧကာမြန်မာ နဲ့ ဖြစ်သလိုလုပ်ခဲ့ရတယ်၊ အလုပ်မျတော့ အချိန်လည်းမပေးနိုင်တာနဲ့ Version 1.0 ကနေ တက်မလာခဲ့ဘူး။ WoW ကဆက်ပြီး Update လုပ်ပေးနိုင်ရင်ကောင်းမယ်လိုတွေးမိတယ်၊ အခုက Kindle မသုံးတော့တာလည်း ကြာပြီဆိုတော့ Unicode Rendering တွေ အဆင်ပြေနေပြီလား၊ မပြေသေးဘူးလားလည်း မသိတော့ဘူး။ လုပ်ပေးနိုင်ရင်တော့ Project File တွေ ပြန်ရှာပြီး ပို့ပေးနိုင်မယ်ထင်တာပါပဲ။

    ReplyDelete
    Replies
    1. ဟုတ်ကဲ့ ကျေးဇူးအရမ်းတင်ပါတယ် ခင်ဗျ၊ ကျွန်တော်တို့ အဖွဲ့ ဆီကို အလည်လာခဲ့လို့ရပါတယ် ကြိုဆို နေမှာပါ။ အရင်အချိန်တွေ ပြန်အမှတ်ရ မိသွားတာပေါ့။
      💕
      @WhisperofWords0 ဒါ ကျွန်တော့် username ပါ။

      Delete

Post a Comment

တခုခု ပြောထားခဲ့ပါ။

Most Popular

ဖား - တော်ကောင်းမင်း

တသိမ့်သိမ့်ဒွန် - တက္ကသိုလ် နန္ဒမိတ် ၊ မြတ်ငြိမ်း၊ တင်မောင်မြင့်

နှင်းရိပ်ပြာ‌မှောင် - မောင်ရှင်စော

တစ္ဆေ - မင်းကျော် - Book Review

ရူးမူရာကာမိ - တိုကျိုကျဆုံးခန်း လက်ရွေးစင်ဝတ္ထုတိုများ - မိုးသက်ဟန်

စကားလက် သို့မဟုတ် လေရူးသုန်သုန် အဆက် - တင်မောင်မြင့်

ရွက်လှပန်း - မိုးမိုး(အင်းလျား)

မာန် - မောင်ထွန်းသူ - Book Review