နိုဘယ်ဆု
- Get link
- X
- Other Apps
| နိုဘယ်ဆု The Nobel Prize | |
|---|---|
| ဖော်ပြချက်အကျဉ်း | ရူပဗေဒ၊ ဓာတုဗေဒ၊ ရသစာပေ၊ ငြိမ်းချမ်းရေးနှင့် ဇီဝကမ္မဗေဒ (သို့) ဆေးပညာ တို့ဖြင့် လူ့လောကကို ထူးထူးချွန်ချွန် အကျိုးပြုနိုင်ကြသောသူများ အတွက် နိုဘယ်ဆုနှင့် စီးပွားရေးသိပ္ပံ အတွက် နိုဘယ်ဆု |
| နိုင်ငံ | |
| ဆုတံဆိပ်ပေးအပ်သူ | ဆွီဒစ်ပညာ့တံခွန်အသင်း နိုဘယ်ဆုကော်မတီ (ဆွီဒင်တော်ဝင်သိပ္ပံ အကယ်ဒမီ) နိုဘယ်ကော်မတီ (ကာရိုလင်စကာ သိပ္ပံ) နော်ဝေနိုဘယ်ကော်မတီ |
| ပထမဆုံးချီးမြှင့်မှု | ၁၉၀၁ ၁၉၆၉ (စီးပွားရေးသိပ္ပံ) |
| ဝဘ်ဆိုက် | nobelprize.org |
ဆုအမျိုးအစားများ
နိုဘယ်ဆုများကို အောက်ပါ အဖွဲ့အစည်းများမှ ဆုံဖြတ်ပေးအပ်သည်။
- ရူပဗေဒပညာအတွက် နိုဘယ်ဆုကို တော်ဝင်ဆွီဒင်သိပ္ပံပညာအကယ်ဒမီကျောင်း (Royal Swedish Academy of Sciences) မှ ရွေးချယ်ချီးမြှင့်ပြီး၊ စီးပွားရေးသိပ္ပံပညာတွက် ဆွီဒင်ဗဟိုဘဏ်မှ အဲလ်ဖရက်နိုဘယ်ကို အောက်မေ့သောအားဖြင့် ချီးမြှင့်ပေးအပ်သည်။
- ဓာတုဗေဒပညာအတွက် နိုဘယ်ဆိုကို တော်ဝင်ဆွီဒင်သိပ္ပံပညာအကယ်ဒမီကျောင်း (Royal Swedish Academy of Sciences) မှ ရွေးချယ်ချီးမြှင့်သည်။
- ဇီဝကမ္မပညာ (သို့) ဆေးပညာအတွက် နိုဘယ်ဆိုကို ကာရိုလင်စကာသိပ္ပံကျောင်း (Karolinska Institute) မှ ရွေးချယ်ချီးမြှင့်သည်။
- စာပေအတွက် နိုဘယ်ဆိုကို ဆွီဒင်အကယ်ဒမီ (Swedish Academy) မှ ရွေးချယ်ချီးမြှင့်သည်။
- ငြိမ်းချမ်းရေးနိုဘယ်ဆုကို နော်ဝေနိုင်ငံလွှတ်တော်ပါလီမန်မှာ ခန့်အပ်ထားသော နော်ဝေနိုင်ငံနိုဘယ်ဆုကော်မတီမှ ရွေးချယ်ချီးမြှင့်သည်။
မူလတွင် စီးပွားရေးသိပ္ပံပညာအတွက် နိုဘယ်ဆု မရှိခဲ့ပေ။ ၁၉၆၈ ခုနှစ်မှ စပြီး အဲလ်ဖရက်နိုဘယ်ကို အောက်မေ့ဂုဏ်ပြုသောအားဖြင့် ဆွီဒင်ဗဟိုဘဏ်က နိုဘယ်ဖောင်ဒေးရှင်ထံ ဆုကြေးငွေကို နှစ်စဉ်မတည်လှူတန်းထားသည်။
ပေးအပ်သည့် ဆုများ
ဆုတံဆိပ် (Medal)
ဂုဏ်ပြုမှတ်တမ်းလွှာ (Diploma)
ဆုကြေးငွေ (Money)
အဲလ်ဖရက် နိုဘယ်
နိုဘယ်ဆုသည် ဆွီဒင် နိုင်ငံသား အဲလ်ဖရက် နိုဘယ်(Alfred Nobel) အား အကြောင်းပြု၍ ပေါ်ပေါက်လာခဲ့သည်။ နိုဘယ်သည် ၁၈၃၃ တွင် ဖွားမြင်၍ ၁၈၉၆ တွင် ကွယ်လွန်သည်။ သူ့အဖသည် သိပ္ပံသုတေသနပညာရှင်ဖြစ်၍ သူ့အမိသည် စာပေဝါသနာပါသူ ဖြစ်သည်။ နိုဘယ်သည် ကျန်းမာရေးကောင်းလှသူ မဟုတ်ချေ။ ငယ်စဉ်အခါကပင် ကျန်းမာရေးချို့တဲ့သူ ဖြစ်သည်။ နာဖျားမကျန်း ဖြစ်သည့်အခါ အမိပြောပြသော ဆွီဒင်ရှေးဟောင်းပုံပြင်တို့ကို နားထောင်၍ သက်သာရာ သက်သာကြောင်းကို ရှာတတ်သည်။ ကြီးပြင်းသောအခါ အဖကဲ့သို့ သိပ္ပံပညာ၌ စိတ်ဝင်စားသည်။ အထူးသဖြင့် ဓာတုဗေဒ၊ ရူပဗေဒ၊ စက်မှုအင်ဂျင်နီယာတို့၌ စိတ်ဝင်စားသည်။ အတွေးအခေါ်၌ ဝါသနာပါသော၊ အာဝဇ္ဇန်း ရွှင်သော၊ ပုံပြောကောင်းသောသူ ဖြစ်သည်ဟုလည်း သိရသည်။ အမေရိကန်ပြည်ထောင်စုသို့ သွား၍ နာမည်ကျော် အင်ဂျင်နီယာ ဆရာကြီးတစ်ဦးထံ၌ စက်မှုအင်ဂျင်နီယာကို ပူးပူးကပ်ကပ် သင်ယူသည်။ ဆွီဒင်နိုင်ငံသို့ ပြန်ရောက်သောအခါ လူသုံးပစ္စည်း အမျိုးမျိုးကို တီထွင်သည်။ သူ အထူးတီထွင်သော အရာသည် ဒိုင်းနမိုက်ခေါ် ယမ်းဘီလူး ဖြစ်သည်။ တီထွင်ခါစတွင် တူးမြောင်းများ တူးဖော်ရေးအတွက်လည်းကောင်း၊ ကျောက်တောင်များ၌ မီးရထားသွား လိုဏ်ခေါင်းဖောက်ရေးအတွက်လည်းကောင်း မြေကြီးနှင့် ကျောက်တောင်တို့ကို ဖောက်ခွဲရန် ယမ်းဘီလူးကို အသုံးများကြသည်။ သူ၏ တီထွင်မှုအမျိုးမျိုးကို အကြောင်းပြုလျက် နိုဘယ်သည် ကမ္ဘာပေါ်၌ အချမ်းသာဆုံး သူဌေးများတွင် တစ်ဦးအပါအဝင် ဖြစ်လာသည်။
နောင်အခါ ယမ်းဘီလူးကို စစ်ခင်းနိုင်ငံများသည် စစ်ပွဲများ၌ အသုံးပြုလာကြသောကြောင့် သူ့ယမ်းဘီလူးသည် လူ့လောက ပျက်စီးရာ ပျက်စီးကြောင်းလည်း ဖြစ်ရသည်ကို တွေ့လာသောအခါ နိုဘယ်သည် ပြင်းစွာ တုန်လှုပ်၍ စိတ်မချမ်းမသာ ဖြစ်ရှာသည်။ ထို့ကြောင့် လူ့လောက ငြိမ်းချမ်း တိုးတက်မှု ရှိလာစေသော ဆန္ဒဖြင့်လည်းကောင်း၊ မေတ္တာစိတ်၊ ကရုဏာစိတ် ပျံ့နှံ့မှု ရှိလာစေသော ဆန္ဒဖြင့် လည်းကောင်း သူ့စည်းစိမ်တစ်ခုလုံးကို လှူဒါန်းခဲ့သည်။
နိုဘယ်သည် သူမကွယ်လွန်မီ ၁နှစ်အလိုဖြစ်သော ၁၈၉၅ ခုတွင် တစ်ကမ္ဘာလုံးက အံ့အားသင့်ရသော သေတမ်းစာကို ရေးခဲ့သည်။ ထိုသေတမ်းစာအရ သိရသည်မှာ ရင်းနှီးမတည်ငွေ အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းစေ၍ ထိုအဖွဲ့အစည်းသို့ သူ့စည်းစိမ်တစ်ခုလုံးကို အပ်နှင်းကြောင်း၊ သူ့စည်းစိမ်ကို အရင်းအနှီးပြုလျက် ထိုအရင်းအနှီးမှ နှစ်စဉ်ရသော အကျိုးအမြတ်ငွေများကို ငါးစု အညီအမျှခွဲလျက် (၁) ရူပဗေဒဖြင့်လည်းကောင်း၊ (၂) ဓာတုဗေဒဖြင့်လည်းကောင်း၊ (၃) ဆေးပညာဖြင့်လည်းကောင်း၊ (၄) ရသစာပေဖြင့်လည်းကောင်း၊ (၅) ငြိမ်းချမ်းရေး ဆောင်ရွက်ချက်ဖြင့်လည်းကောင်း လူ့လောကကို ထူးထူးချွန်ချွန် အကျိုးပြုနိုင်ကြသော ပုဂ္ဂိုလ်ငါးဦးကို အဆိုပါ အဖွဲ့အစည်းက နှစ်စဉ်နှစ်တိုင်း ရွေးချယ်၍ ဆုချီးမြှင့်စေလိုကြောင်း သိရသည်။ နှစ်စဉ်ရရှိသော အကျိုးအမြတ်ငွေ အင်အားအလိုက် ဆုတစ်ဆုလျှင် ယခုအခါ၌ ဒေါ်လာတစ်သိန်းကျော် တန်နေပြီဟု သိရသည်။
ကိုးကား
- "Which country has the best brains?"၊ BBC News၊ 8 October 2010။ 6 December 2011 တွင် ပြန်စစ်ပြီး။ Archived from the original on 18 November 2018။