စူး(သင့်လူ)


(Murakami Ryu) ရဲ့ "Piercing" ဝတ္ထုကို သင့်လူမြန်မာဘာသာပြန်ထားတဲ့ စူး ebook

အခြား မူရကာမိ

စိတ္တဗေဒနဲ့ဆိုင်တဲ့ ရာဇဝတ်မှုခင်းတွေဟာ အဲဒီလူ့အဖွဲ့အစည်းရဲ့ အခြေအနေကို ထင်ဟပ်နိုင်သလား။ ဒေါ်တိုယက်ဗ်စကီရဲ့ ပြစ်မှုနဲ့ ပြစ်ဒဏ် ဝတ္ထုကြီးဟာ ရုရှမှာ အဲဒီခေတ်က လူတွေရဲ့ စိတ်အခြေအနေကို မြင်အောင် ရေးထားတာလို့ ဆိုကြပါတယ်။ ယခု ရူး မူရကာမိရဲ့ 'စူး'ဝတ္ထုဟာလည်း စိတ္တဗေဒဆိုင်ရာ အရှုပ်အထွေးတွေကြားက ဖြစ်လုဆဲဆဲ ရာဇဝတ်မှုခင်းတစ်ခုကို အခြေခံပြီး သဲထိတ်ရင်ဖိုဖြစ်အောင် ရေးထားတာပါ။ ဂျပန်လူ့အဖွဲ့အစည်းရဲ့ သရုပ်သကန်လားတော့ မဆိုနိုင်ပေဘူး။ အမှာစာရေးတဲ့ ဆရာနေမျိုးကတော့ စာပေလက်ရာတစ်ခုတည်းနဲ့ ခြုံငုံသုံးသပ်တာဟာ ပြီးပြည့်စုံမှုရှိနိုင်မယ်မဟုတ်ဘူးလို့ ဆိုပါတယ်။ 

“ပြစ်မှုနဲ့ပြစ်ဒဏ်”မှာတော့ ရပ်စ်ကိုနီကော့ဆိုတဲ့ လူငယ်တယောက်ဟာ (မရည်ရွယ်ဘဲ) လူသတ်မှုတစ်ခုကို ကျူးလွန်ခဲ့ပြီး အဲဒီရာဇဝတ်ဘေးကနေ လွတ်အောင် ဘယ်လိုရှောင်တိမ်းမလဲဆိုတာ သူ့စိတ်ဝေဒနာကြားကနေ အစီအစဉ်တကျလွတ်မြောက်ရေးအကြံအစည်ကို စီမံနေတဲ့ ပုံစံပါ။

“စူး”ဝတ္ထုမှာတော့ လူသတ်မှုဟာ မကျူးလွန်ရသေးဘူး။ ဘယ်လိုကျူးလွန်မလဲဆိုတာ ကာဝါရှီမာဆိုတဲ့ လူတယောက်က သူ့ဝေဒနာကြားကနေ စဉ်းစားစီစဉ် ကြံစည်နေခဲ့တာ။ 

တကယ်တော့ ဒါတွေက ဇာတ်လမ်းရဲ့ ဇာတ်လမ်းဖြစ်အောင်လုပ်ထားတဲ့ အပိုင်းပဲ။ အဓိက အကြောင်းရင်း မဟုတ်ဘူး။
#စူး
#သင့်လူ
#ebook

ဆက်ဖတ်ရန် Save The Lib
စာအုပ်ရယူရန် စူး-သင့်လူ-epub_download

Comments

Most Popular

ဖား - တော်ကောင်းမင်း

တသိမ့်သိမ့်ဒွန် - တက္ကသိုလ် နန္ဒမိတ် ၊ မြတ်ငြိမ်း၊ တင်မောင်မြင့်

ငြိမ်းတယ် ချမ်းတယ် မိုး - မင်းကျော်

နှင်းရိပ်ပြာ‌မှောင် - မောင်ရှင်စော

တစ္ဆေ - မင်းကျော် - Book Review

ရူးမူရာကာမိ - တိုကျိုကျဆုံးခန်း လက်ရွေးစင်ဝတ္ထုတိုများ - မိုးသက်ဟန်

စကားလက် သို့မဟုတ် လေရူးသုန်သုန် အဆက် - တင်မောင်မြင့်

ရွက်လှပန်း - မိုးမိုး(အင်းလျား)

မာန် - မောင်ထွန်းသူ - Book Review