ယောနသံဇင်ယော် - ဦးဘသန်း (ဓမ္မိက)

 


ယောနသံဇင်ယော် - ဦးဘသန်း (ဓမ္မိက)

 

ဘဝကြီးမှာ ရုန်းကန်လှုပ်ရှား ရှင်သန်ရင်း အဓိပ္ပာယ်မရှိတော့သလို့ ခံစားရဖူးလား။ ရှင်သန်ရတာ အဓိပ္ပာယ်မရှိတာလား။ ရှင်သန်ပုံ ရှင်သန်နည်းက အဓိပ္ပာယ်မရှိတာလား။ ကိုယ့်ဘဝက လူအများ လက်ခံယုံကြည်ထားတဲ့ ရှင်သန်နည်းတွေအတိုင်း ရှင်သန်နေရတာထက် ပိုတယ်လို့ တွေးမိကြလား။ ဆရာ ဘသန်း(ဓမ္ပိက) ဘာသာပြန်ဆိုထားတဲ့ Richard Bach ရဲ့ Jonathan Livingston Seagull ဇာတ်လမ်းထဲက ဇာတ်ကောင် ယောနသံ (Jonathan) ကတော့ အဲ့လို တွေးမိခဲ့ပါတယ်။

စင်ရော်ဆိုတဲ့ အမျိုးက ကမ်းခြေကနေ အစာရှိရာ၊ အစာရှိရာကနေ ကမ်းခြေအထိပဲ ပျံတတ်လေ့ရှိကြပါတယ်။ ဒါပေမယ့် ယောနသံစင်ရော်ကတော့ အဲ့လို မတွေးခဲ့ပါဘူး။ စင်ရော်လည်း အတောင်ပံပါတဲ့ ငှက်ဖြစ်တာနဲ့အညီ မြင့်နိုင်သမျှမြင့်အောင် ဝေးနိုင်သမျှဝေးအောင် ပျံသန်းချင်တယ် ဆိုတဲ့ ခံယူချက်မျိုး ယောနသံမှာ ရှိခဲ့ပါတယ်။ အစာရှိရာနဲ့ ကမ်းခြေလောက် အကွာအဝေးလောက် ပျံဖို့ပဲ သိတဲ့ စင်ရော်တွေကတော့ ရှူံ့ချကြတာပေါ့။

လွတ်လွတ်လပ်လပ် ပျံသန်းချင်တဲ့ ယောနသံစင်ရော်အတွက်တော့ သူလိုသလို ဖြစ်လာနိုင်ပါ့မလား။ သူအောင်မြင်ခဲ့ရင်တောင် ဆင်သွားရာ လမ်းဖြစ် ဆိုသလို သူလျှောက်ခဲ့တဲ့ လမ်းကို လျှောက်ချင်သူတွေရော ရှိနေပါ့မလား။ ရှိခဲ့ရင်ရော ယောနသံ ဘယ်လိုလမ်းပြပေးလိမ့်မလဲ. . .

#Review by Kavi

 

Download Epub Kfx

Comments

Most Popular

ဖား - တော်ကောင်းမင်း

တသိမ့်သိမ့်ဒွန် - တက္ကသိုလ် နန္ဒမိတ် ၊ မြတ်ငြိမ်း၊ တင်မောင်မြင့်

ငြိမ်းတယ် ချမ်းတယ် မိုး - မင်းကျော်

နှင်းရိပ်ပြာ‌မှောင် - မောင်ရှင်စော

တစ္ဆေ - မင်းကျော် - Book Review

ရူးမူရာကာမိ - တိုကျိုကျဆုံးခန်း လက်ရွေးစင်ဝတ္ထုတိုများ - မိုးသက်ဟန်

စကားလက် သို့မဟုတ် လေရူးသုန်သုန် အဆက် - တင်မောင်မြင့်

ရွက်လှပန်း - မိုးမိုး(အင်းလျား)

မာန် - မောင်ထွန်းသူ - Book Review