ရှင်းလင်းစွာစဉ်းစားခြင်း အနုပညာ - ကက်စပါဇော်

 


ပုပ်ရဟန်းမင်းကြီးက မိုက်ကယ်အိန်ဂျလိုကို မေးပါတယ်။ ”မင်းဘာလို့ ဒီလောက်တော်နေရသလဲဆိုတဲ့ လျှို့ဝှက်ချက်ကို ငါ့ကို ပြောပြစမ်းပါ…. ဒေးဗစ်ရုပ်တုကို မင်းဘယ်လိုများ ထုလုပ်လိုက်တာလဲကွာ … အဲဒါဟာ အကောင်းဆုံးဆိုတာတွေရဲ့ အကောင်းဆုံးပါပဲကွာ”

မိုက်ကယ်အိန်ဂျလိုရဲ့ အဖြေက … ”အဲဒါက ရိုးရိုးလေးပါ… ဒေးဗစ်မဟုတ်တဲ့ အရာတွေ အားလုံးကို ဖယ်ထုတ်လိုက်တာပါပဲ” တဲ့။

• ရိုးရိုးသားသားပြောကြရအောင်။ ကျွန်တော်တို့ကို ဘယ်အချက်တွေက အောင်မြင်စေတာလဲဆိုတာ ကျွန်တော်တို့ မသိကြပါဘူး။ ကျွန်တော်တို့ကို ဘယ်အချက်တွေက ပျော်ရွှင်စေတာလဲဆိုတာ ကျွန်တော်တို့ တိတိကျကျ မသိကြပါဘူး။ ဒါပေမယ့် ဘယ်အရာတွေက ကျွန်တော်တို့ရဲ့ အောင်မြင်မှုနဲ့ ပျော်ရွှင်မှုကို ဖျက်ဆီးပစ်နိုင်သလဲ ဆိုတာ ကိုတော့ကျွန်တော်တို့ သိကြပါတယ်။ ဒီအချက်ဟာ ရှင်းလင်းတာနဲ့အမျှ အခြေခံလည်းကျပါတယ်။ အနုတ်သဘောဆောင်တဲ့ အသိ (ဘာတွေကိုမလုပ်ရဘူးလဲ ဆိုတာ) ဟာ အပြုသဘောဆောင်တဲ့ အသိ (ဘာတွေလုပ်ရမလဲ ဆိုတာ) ထက် ပိုမိုထင်ရှားသိသာပါတယ်။

• ဂရိတွေ၊ ရိုမန်တွေနဲ့ အလယ်ခေတ်အတွေးအခေါ်ရှင်တွေမှာ ဒီချဉ်းကပ်ပုံနည်းလမ်းအတွက် ဝေါဟာရ ရှိပါတယ်။ ‘ဗီယာ နက်ဂတီဗာ’ လို့ခေါ်ပါတယ်။ အနုတ်သဘောဆောင် လမ်းကြောင်း၊ ငြင်းပယ်ခြင်းလမ်းကြောင်း၊ ချန်လှပ်ထားခြင်းလမ်းကြောင်း၊ ထုတ်နုတ်ခြင်းလမ်းကြောင်း လို့ အဓိပ္ပါယ်ရပါတယ်။ ဘာသာရေးပညာရှင်တွေဟာ ငြင်းပယ်ခြင်း နည်းလမ်းကို ပထမဆုံး အသုံးပြုခဲ့ကြသူတွေဖြစ်ပါတယ်။ ဘုရားသခင်ဟာဘာလဲဆိုတာကို ကျွန်တော်တို့ မပြောနိုင်ပါဘူး။ ဘုရားသခင်ဟာ ဘာမဟုတ်ဘူးဆိုတာကိုပဲ ပြောနိုင်ကြပါတယ်။

• အဲ့ဒီသဘောတရားကို ဒီနေ့ခေတ်မှာ အသုံးချကြည့်မယ်ဆိုရင် .. ဘယ်အချက်တွေက ကျွန်တော်တို့ကို အောင်မြင်မှု ရစေမယ်ဆိုတာ ကျွန်တော်တို့ မပြောနိုင်ပါဘူး။ ကျွန်တော်တို့ကို အောင်မြင်မှုဆီရောက်ဖို့ ပိတ်ပင်တာဆီးနေတာက ဘယ်အရာတွေလဲ ဆိုတာကိုပဲ ပြောနိုင်ကြပါတယ်။ ပိတ်ပင်တားဆီးနေတာတွေ (စဉ်းစားတွေးတောမှု အမှားတွေ) ကို ဖယ်ရှားလိုက်ပါ။ ကောင်းတာတွေဟာ သူ့အလိုလိုဖြစ်လာပါလိမ့်မယ်။ ဒါဟာ ကျွန်တော်တို့ သိစရာ အကုန်ပါပဲ။

• ဒီစာအုပ်ထဲမှာ ကျွန်တော် မေးခွန်းတစ်ချို့ရဲ့ အဖြေကိုမဖော်ပြဘဲ စဉ်းစားပုံ အမှား (၁၀၀) နီးပါးကို ဖေါ်ပြခဲ့ပါတယ်။ အဲ့ဒီမေးခွန်းကတော့ စဉ်းစားပုံအမှား ဆိုတာ ဘာလဲ ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။ ကျိုးကြောင်း မညီညွတ်မှု ဆိုတာဘာလဲ ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ဘာကြောင့်ကျွန်တော်တို့ အဲ့သလို အမှားတွေထဲ ကျရောက်ရတာလဲ ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။

Download Epub Kfx 

Comments

Most Popular

ဖား - တော်ကောင်းမင်း

တသိမ့်သိမ့်ဒွန် - တက္ကသိုလ် နန္ဒမိတ် ၊ မြတ်ငြိမ်း၊ တင်မောင်မြင့်

ငြိမ်းတယ် ချမ်းတယ် မိုး - မင်းကျော်

နှင်းရိပ်ပြာ‌မှောင် - မောင်ရှင်စော

တစ္ဆေ - မင်းကျော် - Book Review

ရူးမူရာကာမိ - တိုကျိုကျဆုံးခန်း လက်ရွေးစင်ဝတ္ထုတိုများ - မိုးသက်ဟန်

စကားလက် သို့မဟုတ် လေရူးသုန်သုန် အဆက် - တင်မောင်မြင့်

ရွက်လှပန်း - မိုးမိုး(အင်းလျား)

မာန် - မောင်ထွန်းသူ - Book Review