စာပေဘက်သို့ ခြေဦး လှည့်လာသော ကျားဖြန့်များ
စာပေဘက်သို့ ခြေဦး လှည့်လာသော ကျားဖြန့်များ
မျက်မှောက်ခေတ်တွင် အွန်လိုင်းမှတစ်ဆင့် ငွေလိမ်လည်သည့်လုပ်ငန်းများ (ကျားဖြန့်) သည် နည်းမျိုးစုံဖြင့် အသွင်ပြောင်းလာရာ ယခုအခါ စာပေလောကသို့ပင် ခြေဦးလှည့်လာသည်ကို တွေ့ရှိရပါသည်။ phatmal.com ဆိုသည့် ဝက်ဘ်ဆိုက်သည် "Whisper Of Words" အဖွဲ့က စာဖတ်သူများအတွက် အခမဲ့ စေတနာဖြင့် ဖန်တီးပေးထားသော စာအုပ်ဖိုင်များကို တစ်စုံတစ်ရာ ခွင့်ပြုချက်မရှိဘဲ အစအဆုံး ခိုးယူအသုံးပြုနေခြင်းသည် ထင်ရှားသော သာဓကတစ်ခု ဖြစ်ပါသည်။
၎င်းဝက်ဘ်ဆိုက်၏ လုပ်ရပ်များသည် မြန်မာနိုင်ငံ၏ ၂၀၁၉ ခုနှစ်၊ စာပေနှင့် အနုပညာ မူပိုင်ခွင့် ဥပဒေ ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်း ဖြစ်သည်။ ၎င်းတို့သည် မူရင်းဖန်တီးသူများ၏ အမည်နှင့် အချက်အလက်များကို ရည်ရွယ်ချက်ရှိရှိ ဖျောက်ဖျက်ပြီး မိမိတို့ကိုယ်တိုင် ဖန်တီးထားသကဲ့သို့ ပုံစံသွင်းကာ ကြော်ငြာများကို အတင်းအကျပ် ပြသခြင်းနှင့် မန်ဘာဝင်ခိုင်းခြင်း တို့ဖြင့် သူတစ်ပါး၏ ကြိုးစားအားထုတ်မှုကို အခွင့်ကောင်းယူကာ စီးပွားရှာနေကြသည်။
phatmal..com သည် မူရင်းဖန်တီးသူ အချက်အလက်များကို ဖျောက်ဖျက်ထားခြင်း ဖြစ်သည်။ စာရေးသူကိုယ်တိုင်က ဖျက်ချခိုင်းထားသည့် စာအုပ်များကို လူကြိုက်များစေရန် ပြန်လည် တင်ခြင်းသည် ဖန်တီးသူ၏ သီးသန့်အခွင့်အရေးကို လုံးဝ လေးစားမှုမရှိခြင်းပင် ဖြစ်သည်။
နောက်ထပ် ဥပမာ သာဓက များမှာ စာအုပ်စာပေ ebook file များ ပုံမှန် တင်သယောင် ပြနေသော Telegram Channel တစ်ခုသည် မိမိတို့ အခမဲ့ ပေးထားသော စာအုပ်ဖိုင်များကို အတင်းယူတင်ကာ subscriber များလာလျှင် လောင်းကစား ကြော်ငြာများကို လက်ခံခြင်းဖြစ်သည်။
၎င်းတို့သည် စာပေကို အနည်းငယ် စိုးစဉ်မျှ စိတ်မဝင်စား။ online ပေါ်တွင် မြင်သမျှ တွေ့သမျှ ဖိုင်များကို အတင်း နင်းကန်ယူကာ စာအုပ်များများတင်နိုင်ရေး၊ လူများများ ဝင်လာလျှင် လောင်းကစား ဆိုဒ်များမှ ကြော်ငြာများကို များများ လက်ခံကာ ရေသာခို အချောင် ရှာစား ရပ်တည် နေကြသည်။
မိမိတို့ စာအုပ်များ အပေါ် အမြတ်မထုတ်ရန် သွားရောက် ပြောကြားသော မိန်းခလေး တစ်ဦးကိုလည်း 18+ ဇာတ်ကားများ တင်သော တယ်လီဂရမ် ချန်နယ် ထဲတွင် အကောင့်နာမည်ကို ပေးပြီး အခမဲ့ sex chat နိုင်သည် ဟု စော်ကား ယုတ်မာ အောက်တန်း ကျသော လုပ်ရပ်ကို ကျူးလွန်ခဲ့သည်။
ထိုသို့သော စာအုပ်စာပေဟု ဗန်းပြထားသာ သူများသည် 18+ ချန်နယ် များဖွင့်ကာ မန်ဘာကြေးဖြင့် လုပ်စားရသည်ကို အားမရတော့ပဲ စာအုပ် စာပေ ebook ဖိုင်များ ကို ဗန်းပြကာ၊ အယောင်ဆောင် subscriber စုဆောင်းတတ်ကြသည်။
စာဖတ်သူများအနေဖြင့် ထိုကဲ့သို့ ကိုယ်တိုင်ကြိုးစားမှု မရှိဘဲ မိမိတို့၏ ချွေးနှဲစာကို တပြားပဲရရ တကျပ်ပဲ ရရ အချောင် လိုချင်နေသည့် ဝက်ဘ်ဆိုက်များ တယ်လီဂရမ် ချန်နယ်များ ကို ယောင်မှား၍ပင် မသွားသင့်ပါ။ ၎င်းတို့သည် နည်းပညာကို အသုံးပြု၍ Ebook များကို ဗန်းပြကာ လူအများအား လှည့်စားကာ အမြတ်ထုတ်နေသည့် "ဒီဂျစ်တယ် လူလိမ်များ" (Digital Swindlers) သာ ဖြစ်သည်။
မိမိတို့၏ အဖိုးတန်သော အချိန်နှင့် ငွေကြေးများကို ထိုကဲ့သို့သော အရှက်မရှိသည့် အချောင်စား နေရာများသို့ တပြားမှ အပါမခံဘဲ၊ မူရင်းဖန်တီးသူများကိုသာ တိုက်ရိုက် အားပေးခြင်းဖြင့် စာပေလောကရှိ ကျားဖြန့် (စစ်စစ်) များကို ဝိုင်းဝန်း ဆန့်ကျင်ကြရန် တိုက်တွန်းလိုပါသည်။
AungGyi







Comments
Post a Comment
တခုခု ပြောထားခဲ့ပါ။