မျှော်တလင့်လင့် - မောင်ထွန်းသူ

 


မျှော်တလင့်လင့်(Great Expectations)-မောင်ထွန်းသူ

 

19ရာစုအစောပိုင်းနှင့် အလယ်ပိုင်း အင်္ဂလန်နိုင်ငံက မြို့မကျရွာမကျလေးထဲ စိတ်ကူးနဲ့ အလည် သွားကြည့်ချင်သူအတွက် ဝတ္ထုကောင်းပဲ။ မျှော်လင့်ချက်ကြီးမားတဲ့ လူငယ်လေးရဲ့ ဘဝအကြောင်းနှင့် သူကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေ၊ လူတွေနဲ့ victorian ခေတ်ရဲ့ လူမှုရေးကိုသရုပ်ဖော်တဲ့ novel။ Literary genre အရပြောရရင် main character ရဲ့ ငယ်စဉ်ကနေ အရွယ်ရောက်တဲ့အထိ သူ့ရဲ့ ကိုယ်ကျင့်တရားနှင့် စိတ်ပိုင်းဆိုင်ရာ တိုးတက်ပြောင်းလဲမှုအပေါ် အာရုံစိုက်focusထားတဲ့ “Bildungsroman“ အမျိုးအစား ဖြစ်ပါတယ်တဲ့။

အစပိုင်းမှာ စိမ့်မြေတောကြီးထဲ ထောင်ပြေးနဲ့တွေ့တာကနေစပြီး အပိုင်းသုံးပိုင်းနဲ့ ဆွဲခေါ်သွားပါတယ်။ ဒုတိယအပိုင်းမှာတော့ သူရဲ့ မြို့ပေါ်က ငယ်စဉ်က မစ္စဟဗီရှမ်(အလွန်လျို့ဝှက်ဆန်းကြယ်တဲ့ အမျိုးသမီးကြီး) အိမ်မှာဆုံခဲ့တဲ့ မိတ်ဆွေ ဟားဗတ်နဲ့ အမှတ်မထင်ဆုံ ပြန်ဆုံတွေ့ပုံနဲ့စထားပြီး တတိယအပိုင်းကိုတော့ ထောင်ပြေးကြီးနဲ့ပြန်ဆုံပြီး ထိုလူရဲ့ ဘဝဇာတ်ကြောင်း ပြန်ပြောင်းပြောပုံနဲ့ ပြန်စထားပါတယ်။ စာမျက်နှာ(၇၀၀)ကျော် ရှစ်ရာနီးပါးကို မအီသွားအောင် ဇာတ်လမ်း လှည့်ကွက်တွေ အချိတ်အဆက် တွေနဲ့ ဆွဲဆောင်သွားပါတယ်။

ဇာတ်လမ်းရဲ့ main character ဖြစ်တဲ့ ပစ်ပ်လို့ခေါ်တဲ့ မိဘမဲ့ကလေးတစ်ယောက်ရဲ့ သူ့ဘဝ အချိုးအကွေ့တွေအကြောင်း။ အချိုးအကွေ့တွေတိုင်းမှာ ပစ်ပ်ဟာ အရွယ်နှင့်မဆံ့တဲ့ အတွေ့အကြုံတွေ ရခဲ့တယ်။ Charles Dickensက လူ့စရိုက်တွေကိုတော့ အတော်လေးပီပြင်အောင် ပုံဖော်နိုင်ပါတယ်။ လူတစ်ယောက်ဟာ မကောင်းတဲ့ပတ်ဝန်းကျင်မှာ နေရတိုင်း သူ့စိတ်ဓာတ်ဟာ အောက်တန်းမကျနိုင် ပါသလို စိတ်ရင်းကောင်းတဲ့ ဓာတ်ခံဟာ ဘယ်နေရာရောက်ရောက် ပတ္တမြားမှန်ရင် နွံမနစ်ပါဘူး။

ငယ်စဉ်ကတည်းက မိဘတွေအစ်ကိုတွေနဲ့ မတွေ့လိုက်ရတဲ့ သနားစရာ မိဘမဲ့ကလေးဟာ သူ့အစ်မရင်း လက်ထဲမှာ ကြီးပြင်းလာခဲ့ရတယ်။ အစ်မရဲ့ယောက်ျား ဂျိုး ဟာ ပစ်ပ်လေးအတွက်တော့ အစ်မရဲ့မိတ်ဆွေတွေရဲ့ နှိမ့်ချစော်ကားမှုဒဏ်ခံရတဲ့ ငယ်ဘဝရဲ့ အဖော်မွန်ဖြစ်ခဲ့ရုံမက သူ့ဘဝနောက်ပိုင်း တွေမှာ အစားထိုးမရတဲ့ မိတ်ဆွေကောင်းတစ်ဦး ဖြစ်ခဲ့ပါတယ်။ ပစ်ပ်လေးရဲ့ ဘဝအချိုးအကွေ့တွေဟာ ထောင်ပြေးကြီးနှင့် တွေ့တဲ့အခါ တစ်ကြိမ်၊ ပန်ဘဲချုလ်က မစ္စဟေဗီရှမ်ဆီ ပို့လိုက်တဲ့တစ်ကြိမ်၊ ရှေ့နေ့ဂျက်ဂါးနဲ့ တွေ့တဲ့တစ်ကြိမ်၊ ထောင်ပြေးကြီးနှင့် ပြန်တွေ့တဲ့အချိန် သူ့ဘဝမှာ အချိုးအကွေ့တွေများပြီး သူရဲ့ ကြီးကျယ်ခမ်းနားတဲ့ မျှော်လင့်ချက်လေးတွေကရော ဒီအလှည့်အပြောင်းတွေ အဆုံးသတ်မှာ လက်တွေ့ ဖြစ်လာမှာလား ရိုက်ချိုးခံရမလား ဆိုတာကလည်း စိတ်ဝင်စားစရာပါ။

မနှစ်မြို့ဖွယ် ရွံစရာကောင်းတဲ့ လူတွေလည်းပါသလို နှစ်လိုဖွယ်ကောင်းပြီး အားကျရလောက်တဲ့ ကိုယ်ကျင့်တရားရှိသူ တွေလည်း တွေ့ရတယ်။ မစ္စအက်စတယ်လာနဲ့ ပစ်ပ်ရဲ့ အချစ်ဇာတ်လမ်း၊ဂျိုးနဲ့ သူ့အစ်မရဲ့ အချစ်ဇာတ်လမ်း၊ မစ္စဟေဗီရှမ်ရဲ့ ကြေကွဲဖွယ် အချစ်ဇာတ်လမ်း စသည်တို့နဲ့ ဝတ္ထုကိုရသအမျိုးမျိုး ပေးတဲ့အပြင် ဝမ်းမစ်ရဲ့ ရုံးနဲ့ပြင်ပ သူ့ကမ္ဘာငယ်လေးအပေါ် ထားတဲ့ သဘောထား၊ သူနဲ့သူ့အလုပ်ရှင် ဆက်ဆံရေး စသည်ဖြင့် မငြီးငွေ့နေအောင် ဖတ်ရမှာပါ။ Plot twistတွေလည်းများပြီး ဒီဝတ္ထုဖတ်မယ်ဆို အဓိကလိုတာကတော့ သူဖော်ပြသွားတဲ့ အသေးစိတ် အချက်အလက်လေးတွေ ကအစ မကျော်သွားဘဲ တစ်ပါတည်းခေါ်သွားဖို့ လိုပါလိမ့်မယ်။ ဒါမှသာ စာရေးဆရာရဲ့ ဆက်စပ်ပုံတွေကို နားလည်မြင်သာမှာပါ။

ဒီဝတ္ထုမှာဆိုရင် အဲ့ဒီခေတ်က လူတန်းစားခွဲခြားမှုတွေ၊ တရားစီရင်ရေးမဏ္ဍိုင် ယိမ်းယိုင်မှု၊ စက်မှုထွန်းကားလာခြင်းရဲ့ သက်ရောက်မှု၊ ထိုခေတ်က လူတွေရဲ့ ပညာရေးအဆင့်အတန်းနှင့် ကိုယ့်ကျင့်တရား၊ ယောက်ျား မိန်းမတို့ရဲ့ အခန်းကဏ္ဍနှင့် လူ့အဖွဲ့အစည်းစံနှုန်း၊ ဗြိတိသျှတို့ရဲ့ နယ်ချဲ့ဝါဒ၊ ဂုဏ်သိက္ခာကို အဖတ်ဆယ်ခြင်းနှင့် ဆင်းရဲမွဲတေမှု၊ လူမှုရေးပြဿနာတွေကို ပွင့်လင်းမြင်သာ ပါတယ်။ ဒီလိုဂန္တဝင်လက်ရာတစ်ခု ဖန်တီးပြသွားတဲ့ Charles Dickens ရဲ့ဂန္တဝင် လက်ရာကောင်းတွေကို ဆက်ဖတ်ချင်စိတ် ပေါ်လာအောင်ထိ ဖြစ်ရတဲ့ တစ်ပုဒ်ဖြစ်ကြောင်း ပြောရင်း ဖတ်ဖို့အကြံပြုလိုက်ပါတယ် ခင်ဗျာ…

#Youths_book_reflections #bookreview #မျှော်တလင့်လင့် #မောင်ထွန်းသူ

Review by Youth’s Book Reflections

https://www.facebook.com/share/16RzCtoPrg/?mibextid=wwXIfr

Download Epub Kfx

Comments

Most Popular

ဖား - တော်ကောင်းမင်း

တသိမ့်သိမ့်ဒွန် - တက္ကသိုလ် နန္ဒမိတ် ၊ မြတ်ငြိမ်း၊ တင်မောင်မြင့်

ငြိမ်းတယ် ချမ်းတယ် မိုး - မင်းကျော်

နှင်းရိပ်ပြာ‌မှောင် - မောင်ရှင်စော

တစ္ဆေ - မင်းကျော် - Book Review

ရူးမူရာကာမိ - တိုကျိုကျဆုံးခန်း လက်ရွေးစင်ဝတ္ထုတိုများ - မိုးသက်ဟန်

စကားလက် သို့မဟုတ် လေရူးသုန်သုန် အဆက် - တင်မောင်မြင့်

ရွက်လှပန်း - မိုးမိုး(အင်းလျား)

မာန် - မောင်ထွန်းသူ - Book Review