ဖြူသောကမ္ဘာသို့.... မောင်ကိုကို (အမရပူရ)
မောင်ကိုကို (အမရပူရ)
ဖြူသောကမ္ဘာသို့....
ဖြူသောကမ္ဘာ... သို့... အမှာစာ
ဤဝတ္ထုသည် မြန်မာမဆန်သော ဝတ္ထုဖြစ်ပါသည်။ ဥရောပအနုပညာတခုကို ခံစားမိရာက ဤဝတ္ထုကို ဖန်တီး ဖြစ်ပါသည်။ သို့သော် ကျွန်တော်၏ ကိုယ်ပိုင်အားထုတ်မှုများ၊ ခံစားမှုများက အများဆုံး ပါဝင်ခဲ့ပါသည်။
ဤဝတ္ထုကို ရေးနေစဉ်ကာလများ၌ အယ်ဖြူရေးပြီး လေးဖြူသီဆိုထားသော လေလွင့်လူကို အကြိမ်ကြိမ် နားထောင်ပါသည်။ SUNRISE 18 ၏ ရန်ကုန်တေးအယ်လ်ဘမ်ကို အကြိမ်ကြိမ် နားထောင်ပါသည်။ သီချင်းများ၏ လွှမ်းမိုးမှုများသည် ဤဝတ္ထု၌ သက်ရောက်ခဲ့ပါသည်။
ဤဝတ္ထု၏ ပထမပိုင်းစာမျက်နှာများကို ကျွန်တော့်ဇနီး ဖတ်မိသောအခါ စကားလုံးများ ကြမ်းတမ်းသည်ဟုဆိုကာ ဆက်မရေးတော့ရန် တားမြစ်ခဲ့ပါသည်။ ကျွန်တော်က ဆက်ရေးပါသည်။ သူမက ယူဖတ်ပါသည်။ ဝတ္ထု၏ လူ့သဘာဝ ဆန်မှုများ၊ လူသား၏ နာကျင်မှုနှင့် အလွမ်းများကို သူမက မျှဝေခံစားခဲ့ပါသည်။ ကျွန်တော်ကိုင်တွယ်မိသော ဇာတ်ကောင် စရိုက်များကို တိမ်းမသွားရန် ကဗျာဆရာ ဝိုင်းယဉ်နွယ်က လက်ရေးမူဖြင့် ဖတ်ရှုခဲ့၊ အကြံပေးခဲ့ပါသည်။ ဤစာမူကို ဖတ်ရှုပြီးမှ ထုတ်ဝေရန် ပိုင်နိုင်ရဲဝံ့စွာ ဆုံးဖြတ်ချက်ချခဲ့သူမှာ စိန်မိုးယံစာအုပ်တိုက်မှ ကိုဖြိုးဖြစ်ပါသည်။
အားလုံးကို ကျေးဇူးတင်ပါသည်။
ဖြူသောကမ္ဘာ. . . သို့ ဝတ္ထုသည် အနုပညာဖန်တီးမှု တခုမျှသာ ဖြစ်ပါသည်။
လေးစားစွာဖြင့်
မောင်ကိုကို (အမရပူရ)

Comments
Post a Comment
တခုခု ပြောထားခဲ့ပါ။