ဘာသာရေးနှင့် သိပ္ပံပညာ - သက်ပိုင်

 


ဘာသာရေးနှင့် သိပ္ပံပညာ


သက်ပိုင်(မြန်မာပြန်)



ဒီစာအုပ်ဟာ လူသားဖြစ်တည်မှု၊ အသက်ရှင်သန်မှု၊ တိုးတက်မှုနဲ့ ကမ္ဘာမြေကြီးရဲ့ ရှေ့ရေးစတဲ့ ကဏ္ဍပေါင်းစုံကို ဘာသာရေး နဲ့ သိပ္ပံပညာဆိုတဲ့ ပညာရပ်နှစ်ခုက အတိတ်ကာလမှာ ဘယ်လို ယူဆခဲ့ကြသလဲ၊ပစ္စုပ္ပန်ကာလမှာရော ဘယ်လို ရှုမြင်ပါသလဲဆိုတာအပြင် အနာဂတ်ကြိုတင်မျှော်မှန်းချက်တွေကိုပါ သမိုင်းပညာရှင်နဲ့ ဒဿနပညာရှင် နှစ်ယောက်ရဲ့ အမြင်ကနေ တင်ဆက်ထားတဲ့ စိတ်ဝင်စားစရာ စာအုပ်ပဲ ဖြစ်ပါတယ်။

ပူလစ်ဇာစာပေဆုရ အက်ဝက်ဒ် ဂျေ လာဆင် နဲ့မိုက်ကယ် ရုစ် တို့ နှစ်ဦးစလုံးဟာ နှစ်ပေါင်းများစွာ တက္ကသိုလ်မှာ စာသင်ကြားပေးခဲ့ပြီး သူတို့ဘဝတစ်လျှောက်လုံးမှာလဲ သမိုင်းပညာနဲ့ ဒဿနပညာကို တစိုက်မတ်မတ် လေ့လာခဲ့ကြောင်း ဒီစာအုပ်ထဲက အသေးစိတ်တင်ပြချက်တွေက သက်သေခံနေပါတယ်။

ဘာသာရေးယုံကြည်ချက်တွေကြောင့် ကိုယ်ကျင့်တရားကောင်းမွန်လာသလား၊ ဆင့်ကဲဖြစ်စဥ်ကြောင့်သာလူသားအသိဉာဏ်မြင့်မားလာသလား ဆိုတဲ့ မေးခွန်းနဲ့ လူသားဖြစ်ခြင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ၊ ယနေ့ခေတ်လူတွေရဲ့ နေထိုင်ပုံကို ဘယ်လိုအရာတွေကလွှမ်းမိုးထားသလဲ နောက်ပြီး အနာဂတ် လူသားရဲ့ပန်းတိုင်က ဘာဖြစ်နိုင်သလဲဆိုတာကို တစ်ခန်းချင်းစီမှာ သမိုင်းသုတေသီကတစ်လှည့်၊ ဒဿနပညာရှင်က တစ်လှည့် စကားဝိုင်းဟန် ဆွေးနွေးထားတာမို့ အကြောင်းအရာတစ်ခုချင်းစီကို ရှင်းလင်းလွယ်ကူစွာနဲ့ ရင်းနှီးတဲ့ မိတ်ဆွေနှစ်ယောက် စကားပြောတာကို ထိုင်နားထောင်နေရသလိုစာဖတ်သူတွေ ခံစားရစေမှာပါ။

ဟိုးရှေးရှေးအတိတ်တုန်းက ကြယ်တွေကိုကြည့်ကာ ဆယ့်နှစ်ရာသီစက်ဝန်း တည်ဆောက်ခဲ့ကြတဲ့လူတွေကနေစပြီး ယဥ်‌ကျေးမှု အဆင့်အတန်း မြင့်မားကာ သင်္ချာပညာရပ်ဆိုင်ရာ လေ့လာချက်တွေ ဖော်ထုတ်ခဲ့ကြတဲ့ဂရိလူမျိုးတွေ၊ အဲဒီကနေ အလယ်ခေတ်၊ ရီနေဆွန်းခေတ်၊ လက်ရှိခေတ် အစရှိသဖြင့် ခေတ်အဆက်ဆက်လူတွေ အငြင်းအခုံလုပ်ခဲ့တဲ့ ဘာသာရေးနဲ့ သိပ္ပံဆိုင်ရာယုံကြည်ချက်တွေ၊ လူသားမျိုးဗီဇဆိုင်ရာအံ့အားသင့်ဖွယ်ကောင်းသလို ကြောက်မယ်ဖွယ်လဲကောင်းတဲ့ ဥပမာတွေနဲ့ နေ့စဥ် အသက်ရှူနေရတဲ့ ရည်ရွယ်ချက်အထိပါ တွေးရင် တွေးသလို စိတ်ဝင်စားဖို့ကောင်းပြီးကိုယ်တိုင်လဲစဥ်းစားသုံးသပ်သင့်တဲ့အကြောင်းအရာတွေကြောင့် ဒီစာအုပ်ဟာတစ်ခန်းချင်းစီဖတ်ပြီး ကိုယ်လက်ခံထားတဲ့အတွေးအမြင်တွေနဲ့ပါ ချိန်ထိုးကာ နားလည်သင့်တဲ့စာအုပ်မျိုးပဲဖြစ်ပါတယ်။

ကမ္ဘာကြီးရဲ့ အစနဲ့လူသားမျိုးနွယ်ဘယ်လိုဖြစ်တည်လာသလဲ ဆိုတာကိုဘာသာရေးကပြောတဲ့ အဓိပ္ပါယ်၊သိပ္ပံပညာက ပေးတဲ့ အဖြေ၊လူတွေဘာကြောင့် တွေးရသလဲ၊ ခန္ဓာကိုယ်ထဲမှာစိတ်ဝိဉာဥ် တကယ်ရှိသလား၊ တိရစ္ဆာန်တွေထက် လူကဘာကြောင့် ဦးနှောက်ပိုကောင်းနေရသလဲ၊ ဒါဝင်ဝါဒ၊ဟိုလိုကော့စ်သတ်ဖြတ်ပွဲတွေ၊ ဒိုင်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်းတွေ၊ လိင်စိတ်ခံယူချက်၊မျိုးရိုးဗီလိုက်ရောဂါတွေ၊ သဘာဝပတ်ဝန်းကျင်စတဲ့လူနဲ့လူ့ပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့မေးခွန်းတွေအားလုံးကို တိကျတဲ့သမိုင်းမှတ်တမ်းတွေအရရောဘာကြောင့် ဒီလို ဖြစ်ခဲ့ရသလဲဆိုတဲ့ ဒဿနအမြင်တွေနဲ့ပါရှင်းလင်းတင်ဆက်ထားတာမို့ ဒီစာအုပ်ဟာလူတွေရဲ့ ဘဝမှာ တစ်ကြိမ်ဖတ်ရှုပြီး တစ်သက်လုံးအတွေးကျန်စေခဲ့မဲ့ စာအုပ်ပဲ ဖြစ်ပါတယ်။

အရေးကြီးဆုံးကတော့ ဒီစာအုပ်ဟာ ဘာသာရေးနဲ့ သိပ္ပံပညာ ဘယ်တစ်ခု မှန်သလဲဆိုတာကို အဆုံးအဖြတ်ပေးတဲ့ စာအုပ်မဟုတ်ဘဲ ဖြစ်ပျက်ပြီးသမျှ ကောင်းဆိုး နှစ်တန် ဒွန်တွဲနေတဲ့ ကိစ္စရပ်တွေကိုမီးမောင်းထိုးပြပြီး ဘာသာရေး နဲ့ သိပ္ပံပညာဟာအချင်းချင်း အပြန်အလှန် ဖြည့်စွက်ပေးနေကြတဲ့ပညာရပ်တွေဖြစ်ကြောင်းကိုသာဖော်ညွှန်းတဲ့ စာအုပ်ပဲဖြစ်ပါတယ်။

ဆိုင်တွေမှာရပါပြီ


တန်ဖိုး ၁၉၀၀၀ ကျပ်


ရရှိနိုင်သည့်စာအုပ်ဆိုင်များ

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

-City Mart စာအုပ်ဆိုင်များ

-စာပေလောက၂(ပန်းဆိုးတန်းလမ်း)

-အင်းဝ(ပန်းဆိုးတန်းလမ်း)

-ရာပြည့်(ပန်းဆိုးတန်းလမ်း)

-Book Tree(ပန်းဆိုးတန်းလမ်း)

-ရာပြည့် (၃၆ လမ်း၊ အပေါ် )

-ကိုလတ်စာပေ(၃၁လမ်းအပေါ် )

-စောဦးစာပေ (၃၁ လမ်းအပေါ် )

-ပစ်တိုင်းထောင်စာပေ (ဗိုလ်ချုပ်လမ်း)

-ပါရမီစာပေ (၂၉ လမ်း၊ အပေါ်)

-စံလှစာပေ (၂၉ လမ်း၊ အပေါ်)

-We(Yangon Book Plaza သံစျေး)

-အပါးတော်မြဲ (ရေကျော်)

-အင်းဝ (လှည်းတန်း)

-ရာပြည့် (လှည်းတန်း)

-စာပေလောက (Junction City)

-အင်းဝ (Times City)

-အင်းဝ(Terminal M)

ဣစ္ဆာသယ(ဗဟန်းပိုင်းလုံးလမ်း)

တင်တင်အေး(ရွှေတိဂုံတောင်ဘက်မုခ်)

-နဂါးစာပေ (မန္တလေး)

-ထွန်းဦးစာပေ (မန္တလေး)

-မီလျံနာစာပေ(တောင်ကြီး)

-ကျော်ကျော်စာပေ(မော်လမြိုင်)

•••••••••••••••••••••••••••••••••••••

အိမ်အရောက်ပို့မှာယူလိုပါက


၁။ကိုလတ်စာပေ

https://www.facebook.com/kolattbookshop/?mibextid=ZbWKwL


၂။စောဦးစာပေ

https://www.facebook.com/sawoobookshop987/


••••••••••••••••••••••••••••••••••••••••••••••••••

ထုတ်ဝေဖြန့်ချိရေး - သားငယ်စာပေ

ဖုန်း - ဝ၉ ၄၄၄၄ ၃၆၄၄၈ ၊ ဝ၉ ၄၄၄၄ ၃၆၄၄၂


Comments

Most Popular

ဖား - တော်ကောင်းမင်း

တသိမ့်သိမ့်ဒွန် - တက္ကသိုလ် နန္ဒမိတ် ၊ မြတ်ငြိမ်း၊ တင်မောင်မြင့်

ငြိမ်းတယ် ချမ်းတယ် မိုး - မင်းကျော်

နှင်းရိပ်ပြာ‌မှောင် - မောင်ရှင်စော

တစ္ဆေ - မင်းကျော် - Book Review

ရူးမူရာကာမိ - တိုကျိုကျဆုံးခန်း လက်ရွေးစင်ဝတ္ထုတိုများ - မိုးသက်ဟန်

စကားလက် သို့မဟုတ် လေရူးသုန်သုန် အဆက် - တင်မောင်မြင့်

ရွက်လှပန်း - မိုးမိုး(အင်းလျား)

မာန် - မောင်ထွန်းသူ - Book Review