Perfume - The Story Of a Murderer - ရေမွှေး - လင်းခန့်
ရေမွှေး
ဘာသာပြန်ဝတ္ထု
လင်းခန့်
Perfume
The Story Of a Murderer
လင်းခန့်
အမည်ရင်းမှာ ဝေယံဖြိုးဖြစ်သည်။ ၁၉၈၉ ခုနှစ် ဇန်နဝါရီလတွင် အဖ ဦးတင်မောင်ဝင်း၊ အမိ ဒေါ်သန်းသန်းဆွေတို့မှ ဖျာပုံခရိုင်၊ ကျိုက်လတ် မြို့နယ်တွင် မွေးဖွားသည်။ ၂၀၀၅ ခုနှစ်တွင် ကျိုက်လတ်မြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်း အောင်မြင်ခဲ့သည်။
၂၀၀၉ ခုနှစ်တွင် မအူပင်တက္ကသိုလ်မှ B.C.Tech ဘွဲ့ ကို ရရှိခဲ့သည်။ ၂ဝ၁၈ ခုနှစ်၊ မတ်လတွင် ကျော်စွာ(ဆေး-၂)၊ ကောင်းမြတ်လွန်းသော် တို့နှင့်အတူ “ကမ္ဘာကျော်တို့၏ ဝတ္ထုတိုများ”စာအုပ်တွင် ဘာသာပြန်ဝတ္ထုတိုများ စတင်ရေးသားခဲ့သည်။ ၂၀၁၈ ခုနှစ် သြဂုတ်လတွင် ပထမဆုံး ဘာသာပြန် ဝတ္ထုအဖြစ် Patrick Ness ၏ A Monster’s Call ကို “သစ်မိစ္ဆာခေါ်သံ”အမည်ဖြင့် ကံ့ကော်ဝတ်ရည် စာအုပ်တိုက်မှ ထုတ်ဝေခဲ့သည်။ လက်ရှိတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရန်ရိမြို့တွင် နေထိုင်သည်။
ဂျာမန်စာရေးဆရာ ပက်ထရစ်ဇုစ်ကင့်ခ်ကို ၁၉၄၉ ခုနှစ် မတ်လ ၂၆ ရက်မှာ မွေးသည်။ ဖခင်မှာ စာရေးဆရာနှင့်ဂျာနယ်လစ်ဖြစ်၍ မိခင်မှာ အားကစားနည်းပြ ဖြစ်သည်။ သူသည် မြူးနစ် တက္ကသိုလ်တွင် အလယ် ခေတ်နှင့် ခေတ်သစ်သမိုင်းဘာသာရပ်ကို သင်ကြားခဲ့သည်။ သို့သော် ပြီးဆုံးသည့်တိုင် တက်ရောက်ခဲ့ခြင်း မရှိချေ။ နောက်ပိုင်းတွင် မိဘများ၏ ထောက်ပံ့မှုဖြင့် ပါရီသို့ ပြောင်းရွှေ့နေထိုင်သည်။
၁၉၈ဝ ပြည့်နှစ်တွင် ပထမဆုံး ရေးခဲ့သော The Double Bass အမည်ရှိ ပြဇာတ်မှာ ၁၉၈၄-၈၅ နှစ်နှစ်အတွင်း၌ အကြိမ်ပေါင်း ၅ဝဝ ကျော် တင်ဆက်ကပြခဲ့ရသည်အထိ အလွန် အောင်မြင်ခဲ့သည်။ ၁၉၈၅ ခုနှစ်တွင် ပထမဆုံး ဝတ္ထုရှည် Perfume(Das Perfum ဟူသော ဂျာမန်အမည်ဖြင့်)ကို ထုတ်ဝေသောအခါ နိုင်ငံတကာ အထိ ထိုးဖောက်အောင်မြင်သွားသည်။ ဤဝတ္ထုဖြင့် စာပေဆုပေါင်းများစွာ ရရှိခဲ့သော်လည်း အများစုကို ပက်ထရစ်ကိုယ်တိုင်က ဆုယူဖို့ ငြင်းဆန်ခဲ့သည်။ သိုသိုသိပ်သိပ်သာ နေထိုင်တတ်သဖြင့် သူ့အကြောင်းကို လူသိပ်မသိကြချေ။
Perfume သည် နှစ်ဆယ်ရာစုအတွင်း ရောင်းအားအကောင်းဆုံး ဂျာမန်စာအုပ်များအနက်မှ တစ်အုပ်ဖြစ်သလို ဘက်ဆဲလား စာရင်းတွင် ကိုးနှစ်ကြာအောင် ဗိုလ်စွဲထားခဲ့သည်။ ဘာသာပေါင်း ၄၉ မျိုးသို့ ပြန်ဆိုခဲ့ပြီး ကမ္ဘာတစ်ဝန်း အုပ်ရေသန်း ၂ဝ ကျော် ရောင်းချခဲ့ရသည်။
Perfume ဝတ္ထုကို နှစ်သက်ကြသဖြင့် တေးသီချင်းအဖြစ် အမြောက်အမြား ရေးစပ် သီဆိုခဲ့ကြရာ နာမည်ကျော် အဆိုတော် ကာ့ထ်ကိုဘိန်းက ဤဝတ္ထုကို နှစ်သက်လှသောကြောင့် ဆယ်ကြိမ်လောက် ဖတ်ဖြစ်သည်ဟု အင်တာဗျူး တစ်ခုတွင် ဖြေဆိုခဲ့သည့်အပြင် ဝတ္ထုထဲက ဇာတ်ကောင် ယန်းဘပ် တစ်ဂန်နီကို အစွဲပြု၍ Scentless Apprentice ဟူသော အမည်ဖြင့် သီချင်းရေး စပ်သီဆိုခဲ့လေသည်။ Perfume ကို ၂၀၀၆ ခုနှစ်တွင် ဒါရိုက်တာ တွမ်တိုင်ကွာက ဘန်ဝစ်ရှော၊ ဒပ်စတင် ဟော့ဖ်မန်း၊ အလန်ရစ်ခ်မန်းတို့နှင့် ရုပ်ရှင်ရိုက်ခဲ့သည်။ လက်ရှိတွင် မြူးနစ် မြို့မှာ နေထိုင်၍ စာရေးသားနေဆဲ ဖြစ်သည်။
ဤဝတ္ထုကို ဂျွန်အီးဝုဒ်စ်က အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့ရာ ၁၉၈၇ ခုနှစ်တွင် PEN Translation Prize ဆုကို ဆွတ်ခူးရရှိခဲ့သည်။ ဂျွန်သည် ဂျာမန်စာရေးဆရာ သောမတ်စ်မန်း၏ စာအုပ်များကို အဓိကထား၍ ပြန်ဆိုခဲ့သူ ဖြစ်သည်။ လက်ရှိတွင် ဘာလင်မြို့၌ နေထိုင်သည်။
❋❋❋❋❋
Download Epub Kfx

Comments
Post a Comment
တခုခု ပြောထားခဲ့ပါ။