လင်းခန့်
အမည်ရင်းမှာ ဝေယံဖြိုးဖြစ်သည်။ ၁၉၈၉ ခုနှစ် ဇန်နဝါရီလတွင် အဖ ဦးတင်မောင်ဝင်း၊ အမိ ဒေါ်သန်းသန်းဆွေတို့မှ ဖျာပုံခရိုင်၊ ကျိုက်လတ် မြို့နယ်တွင် မွေးဖွားသည်။
၂၀၀၅ ခုနှစ်တွင် ကျိုက်လတ်မြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်း အောင်မြင်ခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် မအူပင်တက္ကသိုလ်မှ B.C.Tech ဘွဲ့ကို ရရှိခဲ့သည်။ ၂ဝ၁၈ ခုနှစ်၊ မတ်လတွင် ကျော်စွာ(ဆေး-၂)၊ ကောင်းမြတ် လွန်းသော် တို့နှင့်အတူ “ကမ္ဘာကျော်တို့၏ ဝတ္ထုတိုများ”စာအုပ်တွင် ဘာသာပြန် ဝတ္ထုတိုများ စတင်ရေးသားခဲ့သည်။ ၂၀၁၈ ခုနှစ် ဩဂုတ်လတွင် ပထမဆုံး ဘာသာပြန် ဝတ္ထုအဖြစ် Patrick Ness ၏ A Monster's Call ကို “သစ်မိစ္ဆာ ခေါ်သံ”အမည်ဖြင့်လည်းကောင်း၊ Patrick Suskind၏ Perfume ကို “ရေမွှေး”အမည်ဖြင့်လည်းကောင်းထုတ်ဝေခဲ့သည်။ လက်ရှိတွင် ကမ္ဘောဒီးယား နိုင်ငံ၊ ဆီရန်ရိမြို့တွင် နေထိုင်သည်။

0 Comments
Comments