ကွယ်လွန်သူတို့ ဝိညာဉ် - သတိုးတေဇ

 
ကွယ်လွန်သူတို့ ဝိညာဉ်

 ဆေးကျောင်းနောက်ခံ သည်းထိတ်ရင်ဖို ဝတ္ထုတွေကိုမှ စွဲစွဲမြဲမြဲ ဖတ်တတ်တဲ့သူတွေအတွက် သတိုးတေဇ ရေးထားတဲ့ “ကွယ်လွန်သူတို့ ဝိညာဉ်” ဆိုတဲ့ စာအုပ်က လက်မလွှတ်သင့်တဲ့ စာအုပ်တစ်အုပ်ပါ၊။ စာရေးသူကိုယ်တိုင်က ဆေးကျောင်းသားဘဝ ဖြတ်သန်းခဲ့သူပီပီ ဆေးရုံ၊ ဆေးကျောင်း ပတ်ဝန်းကျင်ရဲ့ ခြောက်ခြားစရာကောင်းတဲ့ အငွေ့အသက်တွေကို ပီပီပြင်ပြင် ပုံဖော်သွားနိုင်တာ တွေ့ရပါတယ်၊။

 မန္တလေးဆေးတက္ကသိုလ်ကနေ ရန်ကုန်ကို ပြောင်းလာတဲ့ ကျောင်းသားသစ် အောင်လွန်း ရဲ့ အတွေ့အကြုံကနေ စထားတာပါ။ ကျောင်းသားသစ်ဖြစ်လို့ အပေါင်းအသင်းရအောင် မောင်မယ်သစ်လွင်ကြိုဆိုပွဲ (Freshers' Welcome) ကော်မတီမှာ ဝင်ကူညီရင်း မြတ်ကောင်း၊ အင်ကြင်းခိုင် တို့နဲ့ ခင်မင်သွားခဲ့တယ်၊။ တစ်နေ့မှာတော့ ပွဲအတွက် လိုအပ်တဲ့ ပစ္စည်းတွေသွားယူရင်း ဆေးရုံအဟောင်းကြီးဘက်ကို အောင်လွန်းတစ်ယောက် မတော်တဆ ရောက်သွားရာကနေ မထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေ စကြုံရတော့တာပါပဲ၊။

 ဒီဝတ္ထုရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်က ၁၉၅၂ ခုနှစ်တုန်းက ပဟေဠိဆန်ဆန် ဗြုန်းခနဲ ပျောက်ဆုံးသွားခဲ့တဲ့ ဆေးကျောင်းသား ၂၅ ယောက်ရဲ့ ဇာတ်ကြောင်းပါ၊။ အဲဒီကျောင်းသားတွေကို အမှတ်တရ ထုလုပ်ထားတဲ့ လူစစ်စစ်နဲ့ တထေရာတည်းတူတဲ့ ရုပ်တုတွေ ရှိနေတဲ့ အခန်းဟာ ဇာတ်လမ်းရဲ့ အဓိက သော့ချက်တစ်ခု ဖြစ်နေတယ်၊။

 ဇာတ်ရှိန် အတက်ဆုံးအပိုင်းကတော့ အောင်လွန်းနဲ့ မြတ်ကောင်းတို့နှစ်ယောက် ဓါတ်လှေကားစီးရင်းကနေ “မီးခိုးရောင်လောက” (Grey World) လို့ ခေါ်တဲ့ တခြားကမ္ဘာတစ်ခုထဲကို ရောက်သွားတဲ့ အပိုင်းပါပဲ၊၊။ အရောင်အသွေးမရှိဘဲ အဖြူနဲ့အမည်းပဲ ရှိတဲ့ အဲဒီလောကထဲမှာ ပိတ်မိနေတဲ့သူတွေ၊ ပြီးတော့ ကိုယ့်ရဲ့ လက်ချောင်းတွေ၊ အသားအရေတွေကပါ တဖြည်းဖြည်းနဲ့ မီးခိုးရောင် ပြောင်းလာတာကို မြင်နေရတဲ့ အခြေအနေက တကယ်ကို ကျောချမ်းစရာပါ၊။

 ဇာတ်ကောင်တွေထဲမှာ အမြဲတမ်း အလှပြင်နေတတ်ပြီး နှုတ်ခမ်းနီကို အစွဲအလမ်းကြီးလှတဲ့ အင်ကြင်းခိုင် ရဲ့ အမူအရာတွေကလည်း ဇဝေဇဝါ ဖြစ်စေမှာပါ၊။ နှစ်ပေါင်း ၅၀ ကျော် ကြာတဲ့အထိ အရောင်မပြယ်ဘဲ နီရဲနေဆဲဖြစ်တဲ့ နှုတ်ခမ်းနီတစ်တောင့် က ဒီမီးခိုးရောင်လောကကနေ လွတ်မြောက်ဖို့ ဘယ်လိုမျိုး အစွမ်းပြမလဲဆိုတာက စာအုပ်ရဲ့ အရေးပါတဲ့ လှည့်ကွက်တစ်ခု ဖြစ်နေပါတယ်၊။

 ဇာတ်သိမ်းပိုင်းမှာ သူတို့တွေ လူ့လောကထဲကို ဘယ်လို ပြန်ရောက်လာမလဲ၊ ဘယ်သူတွေ ကျန်ရစ်ခဲ့မလဲ ဆိုတာကတော့ ကိုယ်တိုင်ပဲ ဖတ်ကြည့်လိုက်ပါဦးလို့ ညွှန်းဆိုပါရစေ။

Download Epub Kfx 

Comments

  1. Anonymous04 April

    Download မရပါ

    ReplyDelete
    Replies
    1. မတင်ရသေးလို့ပါ

      Delete

Post a Comment

Comments