https://saroatsin.com Website ၏ Ebook မျှဝေမှု ပုံစံသစ် ပ...


https://saroatsin.com Website ၏ Ebook မျှဝေမှု ပုံစံသစ် ပြောင်းလဲခြင်းနှင့် ပတ်သက်၍ အသိပေးချက်

စာဖတ်ပရိသတ်များအားလုံး မင်္ဂလာပါ။
ကျွန်တော်တို့ Website ရဲ့ Ebook စာအုပ် မျှဝေမှု ပုံစံကို ယခုအချိန်မှစ၍ "Premium Mode" အဖြစ် စနစ်တကျ ပြောင်းလဲလိုက်ပြီဖြစ်ကြောင်း အသိပေးအပ်ပါတယ်။

ဒီနေရာမှာ Premium ဆိုတာ ငွေကြေး ကောက်ခံတာမျိုး လုံးဝ (လုံးဝ) မဟုတ်ပါဘူး။ Ebook Readers တွေအတွက် သီးသန့်ဖြစ်ပြီး ပိုမို စနစ်ကျတဲ့ အသိုင်းအဝိုင်းတစ်ခု ဖြစ်လာစေဖို့ စီစဉ်ရခြင်း ဖြစ်ပါတယ်။

အဓိက ပြောင်းလဲသွားမယ့် အချက်များ -

Ebook ပြုလုပ်သူများမှ အခမဲ့ အနေဖြင့် သေသေချာချာ စနစ်တကျ စေတနာဖြင့် အပင်ပန်းခံ ပြုလုပ်ပေးထားသော ebook များကို ကိုယ်ကျိုးအတွက် app များပြုလုပ်ပြီး ကိုယ်တိုင်ပြုလုပ်သလို ဟန်ဆောင် ကာ မသိသူများအား လိမ်လည်ပြီး ပိုက်ဆံရှာ ကိုယ်ကျိုးရှာနေသူများ လက်ထဲမှ အနည်းနှင့်အများ ကာကွယ်စေလိုခြင်း။

စာအုပ်အချက်အလက်များကို လွတ်လပ်စွာ ဖတ်ရှုနိုင်ခြင်း

Website ထဲမှာ စာအုပ်ပုံများ၊ စာအုပ်အညွှန်း (Review) များကို လူတိုင်း လွတ်လပ်စွာ ဝင်ရောက်ဖတ်ရှုနိုင်ပါမည်။

Download ရယူမှုကို ထိန်းချုပ်ထားခြင်း

စာအုပ်ဖိုင် (Download Link) များကို Public အဖြစ် တိုက်ရိုက် ရယူခွင့် ပိတ်ထားမည်ဖြစ်ပြီး အမှန်တကယ် စာဖတ်ချင်သူ၊ Kindle သို့မဟုတ် Ebook ဖိုင်အသုံးပြုနည်း နားလည်သူများနှင့် Kindle ရှိသော်လည်း Telegram မှာ တင်ထားတဲ့ ဖိုင်တွေကို download ရယူဖို့ ခက်ခဲ နေသူ စိတ်ချရသူများကိုသာ သီးသန့် လက်ခံမျှဝေပေးသွားပါမည်။

Facebook Group / Direct Message မှတစ်ဆင့် ချိတ်ဆက်ရယူခြင်း

ဖိုင် ရယူလိုသူများ အနေဖြင့် ကျွန်တော်တို့၏ Facebook Page Direct Message (သို့မဟုတ်) Telegram Group (သို့မဟုတ်) Telegram Direct Message မှတစ်ဆင့် မိမိတို့ အသုံးပြုမည့် mail ကို ပို့ပေးပြီး premium member အဖြစ်ပါဝင်နိုင်ပါတယ်။

ဘာကြောင့် ဒီလို ပြောင်းလဲရတာလဲ?

၁။ Ebook / Kindle သမားများအတွက် သီးသန့် ရပ်ဝန်းဖြစ်စေရန်

Ebook Format (EPUB, MOBI, KFX) များ၏ တန်ဖိုးကို မသိဘဲ PDF လောက်သာ သိသည့် အပြင်လူများထက်၊ Kindle သို့မဟုတ် Android, Tablet, ios, Ipad များ ဖြင့် Ebook အရသာကို အပြည့်ဝ အသုံးပြုလိုသူများအတွက် ပိုမို လုံခြုံစိတ်ချရသော သီးသန့်နေရာတစ်ခု ဖန်တီးချင်သောကြောင့် ဖြစ်သည်။

၂။ မပေးသင့် မပေးထိုက်သေးသည့်၊ သီးသန့် ထိန်းသိမ်းထားချင်သည့် စာအုပ်ဖိုင်များကို တိုက်ရိုက် Public မပေးဘဲ တကယ် စာဖတ်သူများ၊ စာအုပ်ဝယ်ရန် အခက်အခဲ ဖြစ်နေသူများ၊ Eub, kfx ဖတ်သူများ အတွက်သာ သီးသန့် ရစေချင်လိုခြင်း ဖြစ်သည်။

၃။ ပိုမို ရင်းနှီး စနစ်ကျသော အသိုင်းအဝိုင်းဖြစ်လာစေရန်

အကောင့်အတုများ၊ စည်းကမ်းမရှိသူများ၊ Ebook ကို တမင်တကာ pdf ပြောင်းဖတ်ပြီး pdf file များအား ဗရမ်းဗဒါ လိုက်လံ ဖြန်ဝေသူများ မပါဘဲ၊ တကယ် Ebook ဖတ်သူများသာ သိနိုင်၊ ရယူ ဖတ်ရှုနိုင်တဲ့ သီးခြား နေရာ တစ်ခု အဖြစ် ရှိနေစေလိုခြင်း ဖြစ်သည်။

(မှတ်ချက် - သင့်တော်သည့် အချိန် ရောက်ရှိလာပါက သက်ဆိုင်ရာ စာအုပ်များကို Public Download အဖြစ် ပြန်လည် ဖွင့်ပေးသွားမည် ဖြစ်ပါသည်။)

ပုံနှိပ်မှတ်တမ်း အရ public မျှဝေလို့ရသော file များအား ပုံမှန်အတိုင်း ဆက်လက် မျှဝေသွားပြီး၊ မျှဝေသင့်/မသင့် စာအုပ်အချို့ကိုသာ premium ဖြင့် ထားရှိပြီး ဒီရပ်ဝန်းထဲက သူအချို့သာ ရယူ ဖတ်ရှုနိုင်မည် ဖြစ်သည်။

ပိုမို စနစ်ကျပြီး တန်ဖိုးရှိသည့် Ebook Reader Community တစ်ခု ဖြစ်လာစေရန် စီစဉ်ခြင်း ဖြစ်ပါသဖြင့် စာဖတ်သူများအနေဖြင့် နားလည်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကျေးဇူးတင်ပါသည်။
Whisper Of Words - https://t.me/TheBookR

https://saroatsin.com/

Comments