ဆိုသည်မှာ စာစုများ ၁+၂ - အရိုး
“ဆိုသည်မှာ စာစုများ” ဟူသော ဤစာအုပ်သည် စာရေးဆရာ အရိုး ရေးသားသည့် စာစုများဖြစ်ပြီး၊ ပထမအကြိမ်အဖြစ် ၂၀၀၇ ခုနှစ်၊ အောက်တိုဘာလတွင် ထုတ်ဝေခဲ့ခြင်းဖြစ်သည် ။ ဤစာအုပ်တွင် ခေါင်းစဉ်ပေါင်းများစွာ ပါဝင်ပြီး အဓိကအားဖြင့် ပတ်ဝန်းကျင်ရှိ လူမှုကိစ္စများ၊ လူတို့၏ စရိုက်လက္ခဏာများကို ခေတ်ပေါ် နာမည်ကျော် ပုဂ္ဂိုလ်များ၊ ဖြစ်ရပ်များနှင့် နှိုင်းယှဉ်ကာ ဟာသနှော၍ ရေးသားထားသော စာစုများဖြစ်သည် ။
စာအုပ်ထဲရှိ “နာမည်ကြီး” ဆိုသည်မှာ စာစု ထဲတွင် ကမ္ဘာကြီးကို ရွာကြီးတစ်ရွာအဖြစ် တင်စားပြီး ထိုရွာရှိ လူများမှာ နာမည်ကြီး ပုဂ္ဂိုလ်များသာဖြစ်သည်ဟု ဆိုထားသည် ။ ဥပမာအားဖြင့် - ဝဲထူ၍ ကုတ်နေရသူကို ရှိတ်စပီးယား (Shakespeare)၊ ပွေးထူသူကို ဘရစ်တနီ စပီးယား (Britney Spears) ဟု တင်စားကာ လူသိများသော ကမ္ဘာကျော်ပုဂ္ဂိုလ်များ၏ အမည်များကို မြန်မာမှုပြု၍ ဟာသဖြစ်အောင် ရေးသားထားသည် ။
ဆိုသည်မှာ စာစုများ ၂ စာအုပ်တွင် "ဈေး ဆိုသည်မှာ" ဟူသော ခေါင်းစဉ်အောက်၌ လူသားများကို ပစ္စည်းများကဲ့သို့ အရောင်းဆိုင်များတွင် ရောင်းချနေသည့် ပုံစံမျိုးဖြင့် ဆန်းသစ်စွာ ရေးသားထားပါသည် ။ “အနုပညာဆိုင်” ခေါင်းစဉ် အောက်တွင် စာရေးဆရာ အရိုး ကိုယ်တိုင်ကိုပင် "အရိုးစုကြီး မီးကျွမ်းထားသလို" ရုပ်ရည်ရှိပြီး နှစ်ကျပ်ခွဲဖြင့် ဝယ်ယူနိုင်သော စာရေးဆရာအဖြစ် ကိုယ့်ကိုယ်ကိုယ် ပြန်လည်သရော်ကာ ရေးသားထားသည် ။
ဤစာအုပ်သည် လူသားတို့၏ စရိုက်လက္ခဏာများ၊ လူမှုပတ်ဝန်းကျင်ရှိ ဖြစ်ရပ်များကို လောကအမြင် တစ်မျိုးဖြင့် လေ့လာစူးစမ်းကာ ဟာသသဘောဖြင့် ရေးသားထားသော စာစုများဖြစ်သည် ။ စာရေးဆရာ အရိုးက ၎င်း၏ အမြင်များကို အနုပညာဆန်ဆန်နှင့် ပေါ့ပေါ့ပါးပါး ဖောက်သည်ချထားခြင်း ဖြစ်ပါသည်။
တိုက်ရိုက်ဖတ်ရန်


Comments
Post a Comment
တခုခု ပြောထားခဲ့ပါ။