လေထန်ကုန်း - ကျော်လှိုင်ဦး - Book Review
လေထန်ကုန်း မူရင်းဝတ္ထုကို ၁၈၇၄ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၌ ပထမအကြိမ်စတင် ထုတ်ဝေခဲ့သည်။ ခေတ်အဆက်ဆက် ဂန္တဝင်ဝတ္ထုတစ်ပုဒ်အဖြစ် ထင်ရှားသည်။ ရုပ်ရှင်အဖြစ်လည်း ရိုက်ကူးပြသခဲ့ပါသည်။
ဝတ္ထုနောက်ခံသည် အင်္ဂလန်ပြည်မြောက်ပိုင်း ယော့ရှိုင်းယားဒေသ ရာသီဥတုပြင်းထန်သော တောင်ကုန်းနယ်မြေကို နောက်ခံပြုထားသည်။ထိုဒေသရှိ လေထန်ကုန်းဟု အမည်ပေးထားသော အိမ်ကြီးတစ်အိမ်မှ အိမ်သားများအကြောင်းကို အခြေခံထားသည်။
ဝတ္ထုပါ အဓိကဇာတ်ဆောင်သည် အဖိနှိပ်ခံ အပယ်ခံဘဝမှ တွန်းလှန်ရန်အားထုတ်ခြင်းဖြစ်ကြောင်း၊ ကက်သရင်းအန်းရှောမှာ ဘူဇွာ စိတ်ဓာတ်အရ ဟိကလစ်ကို ချစ်လျက် လက်မထပ်ဘဲ အက်ဂါတန်ကို လက်ထပ်ခဲ့သဖြင့် စိတ်ဆင်းရဲပြီး အသက်ဆုံးရှုံးရကြောင်း၊ ဟိကလစ်သည် ကေသီနှင့် ဟယ်ယာတန်တို့ ကြင့်ကြင်နာနာဆက်ဆံမှုကို မြင်လာရသောအခါ သူ့ချစ်သူ ကက်သရင်းအား ကေသီ့နေရာတွင် အစားထိုးကြည့်ပြီး သူ၏ လက်စားချေလိုစိတ်ကို လျှော့ဖြေခဲခြင်းဖြစ်ကြောင်းသုံးသပ်ထားပါ၏။
ထို့ပြင် “လေထန်ကုန်း”သည် ဆယ့်ကိုးရာစု အရင်းရှင် လူ့အဖွဲ့အစည်း၏ ပုဂ္ဂိုလ်ရေး၊ စိတ်ဓာတ်ရေးကို ထင်ဟပ်ထားပြီး လူ၏ အစွဲအလမ်းကြီးတတ်သော စိတ်ထား၊ စိတ်ဓာတ်ပြင်းထန်မှုနှင့် လူ့စရိုက်၏ ပျော့ကွက် ဟာကွက်များကို ဖော်ပြထားသော ဝတ္ထုဖြစ်ပါသည်။ ။
လေထန်ကုန်း တိုက်ရိုက်ဖတ်ရန်
https://whisper1of.blogspot.com/2026/02/leythankonekyawhlaingooepub.html

Comments
Post a Comment
တခုခု ပြောထားခဲ့ပါ။