Ebook က တံခါးပေါက်၊ မူရင်းစာအုပ်က အိမ်
မိမိတို့အပေါ် စေတနာရှိရှိနဲ့ ဖတ်ကြပါစေ ဆိုပြီး Ebook လုပ်ခွင့်ပြုတဲ့ စာရေးသူတွေကို ဒီထက်ပိုပြီး အားပေးသင့်တာပေါ့။ တချို့ဆို ကိုယ်တိုင်ကိုယ်ကျတောင် Ebook ပြုလုပ်ပြီး မျှဝေပေးနေကြသေးတယ်။
Ebook တွေကို စာရေးသူ ရဲ့ ခွင့်ပြုချက်နဲ့ ပြုလုပ်ပြီး ဖတ်ရတာ ဟာ - ပုံရိုက် အစုတ်အပြတ် တွေကို စာရေးသူ မသိအောင် pdf လုပ်ပြီး ခိုးဖတ်တဲ့ ပုံစံနဲ့ ယှဉ်လိုက်ရင် ဂုဏ်ယူစရာ တောင် ကောင်း သေးတယ်။ quality ရော သိက္ခာရော ရှိစေတယ်။
ဒါပေမယ့် လက်လှမ်းမီတဲ့ သူတွေကတော့ မူရင်းစာအုပ်တွေကို ပိုပြီး ဝယ်ယူအားပေးဖို့လည်း လိုသေးတယ်။ စာအုပ်တွေကို ဝယ်ယူအားပေး မှသာ စာရေးသူတွေဘက်က စာဆက်ရေးဖို့ ရပ်တည်နိုင်မှာ။ မူရင်းစာအုပ် ရောင်းအားကောင်းမှသာ စာရေးသူတွေ နောက်ထပ် စာပေကောင်းတွေကို ဆက်လက် ဖန်တီး ရေးသားနိုင်မယ့် အားအင်တွေ ရရှိစေမှာ ဖြစ်တယ်။
စာရေးသူတွေ အဆင်ပြေပြေ နဲ့ ရပ်တည် နေနိုင် တဲ့ အခါမှ မိမိတို့ Ebook တွေ လုပ်ပြီး မျှဝေ ဖတ်တာကို ကြည်ကြည်ဖြူဖြူ နဲ့ ခွင့်လွှတ် ပေးချင်စိတ် လဲ ဖြစ်စေမှာပါ။
အချို့က မူရင်းစာအုပ်ကိုလဲ ဝယ်ယူအားပေးတယ် ဒါ ပေမယ့် Ebook လေးနဲ့ မှ ခရီးသွားလာရင်း စာဖတ်ရတာ အဆင်ပြေတဲ့ အတွက်ကြောင့် ဒါမှ မဟုတ် အကြောင်း အမျိုးမျိုးကြောင့် Ebook ကို ပိုအား သန်ကြလို့ Ebook လိုချင်ကြတဲ့ သူတွေ ဖြစ်တယ်။
Ebook တွေက၊ နယ်ဝေးသူတွေ၊ စာအုပ်ဆိုင် မရောက်နိုင်သူတွေ၊ အင်တာနက် ခက်ခဲနေသူတွေ၊ လက်ထဲကို ရောက်ဖို့ တံခါးဖွင့်ပေးပြီး ဒီလူတွေ Ebook ကနေ စာပေနဲ့ ပိုမို ထိတွေ့နိုင်ပြီး အသိပညာ ပိုမို ဖွံ့ဖြိုး တိုးတက်ကာ နောက်ဆုံး မူရင်းစာအုပ် တွေကို ဝယ်ယူ အားပေးချင်စိတ် ရှိတဲ့သူတွေ ဖြစ်လာစေတယ်။
သင်ရော ဘယ်လို ထင်မြင် ယူဆလဲ?
Aung Gyi
March 8-26
Ebook Format များအကြာင်း
https://whisper1of.blogspot.com/2026/02/ebook-format.html
စာပေဘက်သို့ ခြေဦးလှည့်လာသော ကျားဖြန့်များ အကြောင်း

မူရင်းစာအုပ်တွေကို ဝယ်ယူအားပေးမှ ကိုယ် လေးစား သဘောကျ တဲ့ စာရေးသူကို အားပေးရာ ရောက်စေတာပါ။
ReplyDeleteဒါပေမယ့် နေရာ တကာ ကျတော့ စာအုပ်ကြီးနဲ့က သွားရလာရတာ အဆင်မပြေနေဘူး။
ခရီးထွက်ရင် စာအုပ် သုံးလေးအုပ်ဆို အတော် ဝန်ဖြစ်နေပြီ၊ အနည်းဆုံး သုံးလေးအုပ်လောက် ယူသွားမှလဲ အဆင်ပြေတာ။
Ebook ကျတော့ လိုသလောက် ထည့်သွားလို့ရတယ်လေ၊ အခုဆို quality ကလဲ အရမ်းကောင်းတော့ မဖတ်ဖြစ်တဲ့ စာအုပ်တွေပါ ထည့်ထားပြီး ဖတ်ဖြစ်တယ်။
မူရင်းစာအုပ်ကို ဝယ်ယူအားပေးပြီး၊ ebook တွေကိုလဲ ဖတ်တယ်။ နှစ်မျိုးလုံးက မရှိမဖြစ်ပဲ။